ဒီဇင်ဘာလကစပြီး လေယာဥ်ဆိုက်ရောက်ချိန်တွင် COVID-19 ရောဂါ ဓါတ်ခွဲစစ်ဆေးမှုခံယူရန် မလိုတော့ဟု စစ်ကောင်စီထုတ်ပြန်

ဒီဇင်ဘာလကစပြီး လေယာဥ်ဆိုက်ရောက်ချိန်တွင် COVID-19 ရောဂါ ဓါတ်ခွဲစစ်ဆေးမှုခံယူရန် မလိုတော့ဟု စစ်ကောင်စီထုတ်ပြန်

နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ဝင်ရောက်မည့် ခရီးသွားများအား လေယာဉ်ဆိုက်ရောက်ချိန်တွင် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုခံယူရန်သတ်မှတ်ချက်ကို ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်ပြီး ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြည်တွင်းကူးစက်မှု ကျဆင်းလာခြင်း၊ နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များဖြင့် ဝင်ရောက်လာသော ခရီးသွားများတွင် COVID-19 တွေ့ရှိမှု တစ်ရာခိုင်နှုန်းအောက်တွင်သာ ရှိနေခြင်းနှင့် နိုင်ငံတဝန်း ကာကွယ် ဆေးထိုးလွှမ်းခြုံမှုမြင့်မားလာခြင်းတို့ကြောင့် ဖြေလျှော့ပေးခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေး ဝန်ကြီးဌာနက ဆိုထားသည်။

သို့သော် လေကြောင်းခရီးသည်များအနေဖြင့် ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံပြီးစီးကြောင်း သက်သေခံ လက်မှတ်ပြသနိုင်ရမည်ဖြစ်ကာ COVID-19 ကာကွယ်ဆေးအကြိမ် ပြည့်မထိုးနှံထားသူများအနေဖြင့် မြန်မာနိုင်ငံသို့ ဆိုက်ရောက်သည့် အချိန်မတိုင်မီ အများဆုံး ၄၈ နာရီအတွင်း ရောဂါကင်းရှင်းကြောင်း PT-PCR နည်းဖြင့် စစ်ဆေးထုတ်ပေးထားသည့် ဓာတ်ခွဲအဖြေ အထောက်အထားပြသရမည်ဖြစ်ကြောင်း သိ ရသည်။

ပြောင်းလဲဆောင်ရွက်သွားမည့် အစီအစဉ်အသေးစိတ်ကို နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များတွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ထို့ပြင် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များဖြင့် ဝင်ရောက်လာကြမည့် ခရီးသွားများနှင့် နယ်စပ်ဝင်ထွက် ဂိတ်များမှတဆင့် ဝင်ရောက်လာကြမည့် ခရီးသွားများအတွက်ကိုမူ ယခင်အတိုင်းသာ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ပုံအဟောင်း

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

Most read this week

December 10, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း က ဒေသခံ ၁၂...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...
December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...