ဒီဇင်ဘာလကစပြီး လေယာဥ်ဆိုက်ရောက်ချိန်တွင် COVID-19 ရောဂါ ဓါတ်ခွဲစစ်ဆေးမှုခံယူရန် မလိုတော့ဟု စစ်ကောင်စီထုတ်ပြန်

ဒီဇင်ဘာလကစပြီး လေယာဥ်ဆိုက်ရောက်ချိန်တွင် COVID-19 ရောဂါ ဓါတ်ခွဲစစ်ဆေးမှုခံယူရန် မလိုတော့ဟု စစ်ကောင်စီထုတ်ပြန်

နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ဝင်ရောက်မည့် ခရီးသွားများအား လေယာဉ်ဆိုက်ရောက်ချိန်တွင် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုခံယူရန်သတ်မှတ်ချက်ကို ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်ပြီး ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြည်တွင်းကူးစက်မှု ကျဆင်းလာခြင်း၊ နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များဖြင့် ဝင်ရောက်လာသော ခရီးသွားများတွင် COVID-19 တွေ့ရှိမှု တစ်ရာခိုင်နှုန်းအောက်တွင်သာ ရှိနေခြင်းနှင့် နိုင်ငံတဝန်း ကာကွယ် ဆေးထိုးလွှမ်းခြုံမှုမြင့်မားလာခြင်းတို့ကြောင့် ဖြေလျှော့ပေးခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေး ဝန်ကြီးဌာနက ဆိုထားသည်။

သို့သော် လေကြောင်းခရီးသည်များအနေဖြင့် ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံပြီးစီးကြောင်း သက်သေခံ လက်မှတ်ပြသနိုင်ရမည်ဖြစ်ကာ COVID-19 ကာကွယ်ဆေးအကြိမ် ပြည့်မထိုးနှံထားသူများအနေဖြင့် မြန်မာနိုင်ငံသို့ ဆိုက်ရောက်သည့် အချိန်မတိုင်မီ အများဆုံး ၄၈ နာရီအတွင်း ရောဂါကင်းရှင်းကြောင်း PT-PCR နည်းဖြင့် စစ်ဆေးထုတ်ပေးထားသည့် ဓာတ်ခွဲအဖြေ အထောက်အထားပြသရမည်ဖြစ်ကြောင်း သိ ရသည်။

ပြောင်းလဲဆောင်ရွက်သွားမည့် အစီအစဉ်အသေးစိတ်ကို နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များတွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ထို့ပြင် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များဖြင့် ဝင်ရောက်လာကြမည့် ခရီးသွားများနှင့် နယ်စပ်ဝင်ထွက် ဂိတ်များမှတဆင့် ဝင်ရောက်လာကြမည့် ခရီးသွားများအတွက်ကိုမူ ယခင်အတိုင်းသာ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ပုံအဟောင်း

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...
July 8, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ် တောင်ဘက်ခြမ်းဒေသများဖြစ်သည့် ဖလူးနှင့် မင်းလက်ပံကျေးရွာတို့၌...
ဓာတ်ပုံ - HtinLin Aung FB
July 7, 2026
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ အမှိုက်ပုံတစ်ခုတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသမီး...