ချောင်းဦးမြို့နယ်အတွင်း ယာဉ်တန်းလုံခြုံရေးအဖွဲ့အား မိုင်းဆွဲ စစ်ကောင်စီတပ်သား ၂ဦးသေ ဟုဆို

ချောင်းဦးမြို့နယ်အတွင်း ယာဉ်တန်းလုံခြုံရေးအဖွဲ့အား မိုင်းဆွဲ စစ်ကောင်စီတပ်သား ၂ဦးသေ ဟုဆို

စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်အတွင်း ယာဉ်တန်းအား လုံခြုံရေး ယူပေးပြီး ကင်းလှည့်လာသော စစ်ကောင်စီတပ်ဖွဲ့များအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးသွားကြောင်း Brave Heart Army(BHA) က နိုဝင်ဘာလ ၂၈ရက် ယနေ့တွင် သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၂၆ရက် ည ၈နာရီ ၂၀မိနစ်အချိန်တွင် မြပုလဲဆီဆိုင်တစ်ဝိုက်မှ ချောင်းဦးမြို့ ဘောလုံးကွင်းဖက်သို့ ခြေလျင်ကင်းလှည့်လာသော အင်အား ၂၀ခန့်ရှိ စစ်ကောင်စီ တပ်သားများကို စိုး ဆီဆိုင်အနီး တောလမ်းတစ်နေရာ၌ ပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျွန်တော်တို့ အရင်ရက်တွေကတည်းက သူတို့ရဲ့လမ်းကြောင့်တွေကို လေ့လာထားခဲ့တာဗျ ၊ အဲဒီလမ်းကို ဖြတ်တာသိရလို့ ပွိုင့်တင်ထားပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ” ဟု BHA တာဝန်ရှိသူတစ်ဦးက မဇ္စျိမ ကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် မိုင်းဆင်ထားသည့်နေရာ မရောက်မီတွင် လက်နက်ငယ်ဖြင့် ခုနစ်ချက်ခန့်ပစ်ခတ်ပြီး ဖုန်းမှ မီးများဖြင့် ဖြတ်လာသော အချိန်တွင် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ဖောက်ခွဲမှုအပြီး ခဏအကြာတွင် ဆိုင်ကယ်သုံးစီးရောက်လားပြီး သေဆုံးထိခိုက်သူများကို တင်ဆောင်၍ ချောင်းဦးဘောလုံးကွင်းဆီသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သားများသည် နိုဝင်ဘာ၂၅ရက်က မိုင်းဆွဲခဲ့သဖြင့် ပျက်စီးသွားသော မော်တော်ယာဉ်များကို ပြန်လည်ဆွဲယူသည့် ယာဉ်များအား လုံခြုံရေးယူပေးရသော တပ်ဖွဲ့များဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၂၅ရက်နေ့က မုံရွာ - စစ်ကိုင်းကားလမ်းမပေါ်တွင် Brave Heart Army(BHA) နှင့် မဟာမိတ်များမှ လေးနေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂၅ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာအများအပြားရကာ မော်တော်ယာဉ်များ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...