သံတွဲမှ တေးရေးဆရာ ကိုစန်းကို ကို AA နှင့်ဆက်စပ်မှုဖြင့်အမှုဖွင့်ပြီးရုံးထုတ်

သံတွဲမှ တေးရေးဆရာ ကိုစန်းကို ကို AA နှင့်ဆက်စပ်မှုဖြင့်အမှုဖွင့်ပြီးရုံးထုတ်
မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ကိုစန်းကို ကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့
မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ကိုစန်းကို ကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

ရခိုင်ပြည်၊ သံတွဲမြို့မှ တေးရေးဆရာ ကိုစန်းကို ကို ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၁)ဖြင့် နိုဝင်ဘာလ ဒုတိပအပတ်တွင် အမှုဖွင့်ကာ ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုစန်းကိုအား အောက်တိုဘာလ ၂၃ ရက်နေ့က စစ်ဆေးစရာရှိသည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ပြီး ငပလီအခြေစိုက် ခလရ ၅၅ တပ်ရင်းမှ ဗိုလ်ကြီးရဲလင်းထွန်းက အမှုဖွင့်ထားခြင်းဖြစ်သည်ဟု သံတွဲမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

"သူ့ကို နိုဝင်ဘာလ ဒုတိအပတ်မှာ အမှုဖွင့်တာဖြစ်တယ်။ ငပလီအခြေစိုက် ခလရ(၅၅)တပ်ရင်းက ဗိုလ်ကြီး ရဲလင်းထွန်းက တရားလိုလုပ်ပြီး အမှုဖွင့်တယ်။ အမှုဖွင့်ပြီးတော့ သူ့ကို ထောင်ချုပ်ကိုပို့တယ် ။ အမှုဖွင့်တဲ့ ရက်ကိုတော့ ကျနော် သေချာအသိတော့ဘူး"ဟု သူကဆိုသည်။

ကိုစန်းကို ကို ဖမ်းဆီးပြီးနောက် ၄င်းပိုင်ဆိုင်သည့် ရခိုင်အားမာန်ကားဂိတ်ကိုလည်း ပြေးဆွဲခွင့်ရပ်နားလိုက်ကြောင်း မိသားစုဝင်များထံက သိရသည်။

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ် နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်က ရခိုင်ပြည်သူအများအပြားကို သံသယဖြင့် ဖမ်းဆီးစစ်ဆေးမှုများရှိနေသည်။

July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...
July 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး...
July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...
July 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်း၊ ကျောက်ဆည်ပြင်ကျေးရွာအနီးရှိ တောင်တန်းများကို စစ်တပ်က...