သံတွဲမှ တေးရေးဆရာ ကိုစန်းကို ကို AA နှင့်ဆက်စပ်မှုဖြင့်အမှုဖွင့်ပြီးရုံးထုတ်

သံတွဲမှ တေးရေးဆရာ ကိုစန်းကို ကို AA နှင့်ဆက်စပ်မှုဖြင့်အမှုဖွင့်ပြီးရုံးထုတ်
မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ကိုစန်းကို ကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့
မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ကိုစန်းကို ကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

ရခိုင်ပြည်၊ သံတွဲမြို့မှ တေးရေးဆရာ ကိုစန်းကို ကို ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၁)ဖြင့် နိုဝင်ဘာလ ဒုတိပအပတ်တွင် အမှုဖွင့်ကာ ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုစန်းကိုအား အောက်တိုဘာလ ၂၃ ရက်နေ့က စစ်ဆေးစရာရှိသည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ပြီး ငပလီအခြေစိုက် ခလရ ၅၅ တပ်ရင်းမှ ဗိုလ်ကြီးရဲလင်းထွန်းက အမှုဖွင့်ထားခြင်းဖြစ်သည်ဟု သံတွဲမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

"သူ့ကို နိုဝင်ဘာလ ဒုတိအပတ်မှာ အမှုဖွင့်တာဖြစ်တယ်။ ငပလီအခြေစိုက် ခလရ(၅၅)တပ်ရင်းက ဗိုလ်ကြီး ရဲလင်းထွန်းက တရားလိုလုပ်ပြီး အမှုဖွင့်တယ်။ အမှုဖွင့်ပြီးတော့ သူ့ကို ထောင်ချုပ်ကိုပို့တယ် ။ အမှုဖွင့်တဲ့ ရက်ကိုတော့ ကျနော် သေချာအသိတော့ဘူး"ဟု သူကဆိုသည်။

ကိုစန်းကို ကို ဖမ်းဆီးပြီးနောက် ၄င်းပိုင်ဆိုင်သည့် ရခိုင်အားမာန်ကားဂိတ်ကိုလည်း ပြေးဆွဲခွင့်ရပ်နားလိုက်ကြောင်း မိသားစုဝင်များထံက သိရသည်။

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ် နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်က ရခိုင်ပြည်သူအများအပြားကို သံသယဖြင့် ဖမ်းဆီးစစ်ဆေးမှုများရှိနေသည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...