ခင်ဦးတွင် ဒေသခံ ၂ သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ ဆောင်နှင့် အဝတ်အထည်များလိုအပ်နေ

ခင်ဦးတွင် ဒေသခံ ၂ သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ ဆောင်နှင့် အဝတ်အထည်များလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်းနှစ်ခုဖြင့် ဝင်ရောက်စစ်ကြောင်းထိုးကာ ကျေးရွာများကို မီးရှို့ခဲ့သဖြင့် ဒေသခံ ၂ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ စောင် နှင့် အဝတ်အထည်များ လိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ၁၈ ရက်နေ့ ကတည်းက စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်တောင်ဘက်ခြမ်း နှင့် မြောက်ဘက်ခြမ်းကို စစ်ကြောင်း နှစ်ခုခွဲကာ ဝင်ရောက်နေတာဖြစ်ပြီး ရွာပေါင်း ၁၀ ရွာထက်မနည်း နေအိမ် ၅၀၀ ကျော်ကို မီးရှို့ခဲ့သည်ဟု ဒေသခံများဆိုသည်။

“စစ်ဘေး‌ရှောင်တွေအတွက်အဓိကက ဒီဘက်မှာတော်တော်အေးနေပြီ။ ညပိုင်းတွေဆိုရင် ဆောင်းတွင်းဆိုတော့ မြောက်လေကလည်းတော်တော်တိုက်တယ်။ ညပိုင်းဆိုအိပ်စရာနားစရာအတွက် နေရာထိုင်ခင်းဆောင်တွေလိုအပ်နေတယ်။ ယာယီနေထိုင်ဖို့ပေါ့ အခုက မိုးကာပဲခင်းပြီးနေနေရတယ် ဆေးဝါးထောက်ပံ့မူလည်းလိုအပ်နေပါတယ်”ဟုစစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ဆိုသည်။

လက်ရှိတွင် ခင်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်များသည် ဘေးလွှတ်ရာတောတောင်များတွင် တိမ်းရှောင်နေရသည်ဟု သူက ဆက်ပြောသည်။

စစ်ဘေးရှောင် ပြည်သူများထဲတွင် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ အများအပြားပါဝင်ပြီး ကျန်းမာရေးမကောင်းသူများလည်း ပါဝင်သည်ဟု သိရှိရသည်။

ထို့အပြင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းသည် ပြည်သူ ၆ ဦးကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်၂ဦးလည်း အသက်ဆုံးရှုံးခဲ့ရသည်။

ခင်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်များကို ကူညီလှူဒါန်းလိုပါက Khin U Dynamite ဖေ့စ်ဘုတ်စာမျက်နှာနှင့် ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြား‌‌ရေး ဖေ့စ်ဘုတ်စာမျက်နှာများမှ တစ်ဆင့် ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ခင်ဦးမြို့နယ်ရှိ ရွာပေါင်း၅၅ရွာမှ နေအိမ်၂၅၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ၂၀၀ကျော်အသက်ဆုံးရှုံးခဲ့ရသည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...
April 27, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဈေးသည် ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့သိရပြီး...