ကချင် အင်းတော်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အယောက် ၂၀ ကျော်သေဆုံး

ကချင် အင်းတော်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အယောက် ၂၀ ကျော်သေဆုံး
အင်းတော်မြို့ ဘောလုံးကွင်းအတွင်း စစ်ရဟတ်ယာဉ် မြင်တွေ့ရပုံ
အင်းတော်မြို့ ဘောလုံးကွင်းအတွင်း စစ်ရဟတ်ယာဉ် မြင်တွေ့ရပုံ

ကချင်ပြည်နယ်၊ အင်းတော်မြို့မြောက်ဘက် တောတွင်းတစ်နေရာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF တို့ကြား တစ်ရက်တည်း ထိတွေ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ရင်းမှူး ၁ ဦးအပါအဝင်  ၂၀ ဦးကျော် သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အင်းတော်မြို့တွင်းမှ မြောက်ဘက်တောထဲသို့ စစ်ကြောင်းထ ိုးတက်လာသည့် စစ်အင်အား ၁၅၀ ပါ စစ်ကောင်စီတပ်နှင့် KIA ၊ အင်းတော် PDF တို့သည် နံနက်ပိုင်း ၇ နာရီခွဲအချိန်တွင်တစ်ကြိမ်၊ နေ့လည် ၁၂ နာရီအချိန်တွင် တစ်ကြိမ်နှင့် မွန်းလွဲပိုင်း ၃ နာရီအချိန်တွင် တစ်ကြိမ် စသဖြင့် စုစုပေါင်း ၃ ကြိမ်တိတိ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက KNG ကို ပြောသည်။

”တိုက်ပွဲကတော့ အင်းတော်မြောက်ဘက်ပေါ့။ နဘားကျေးရွာအနောက်ဘက်ကျတယ် တောထဲမှာ ဖြစ်တာ အင်းတော်နဲ့ အရမ်းတော့မဝေးဘူးဗျ။ ပထမတစ်ကြိမ် တိုက်ခံရပြီးသူတို့က တောထဲဘက်ကို ဆက်တိုးလာတာ အဲ့တာနဲ့ နေ့လယ် ၁၂ နာရီလောက် ရောက်တော့ နှစ်ဖွဲ့ပေါင်းပြီးထပ်တိုက်တယ် သူတို့က ထိခိုက်တာများတော့ အဝေးကြီးမသွားနိုင်ဘူး။ ပထမဖြစ်တဲ့အနီးနားမှာပဲ ထပ်တိုက်ခံရတာ ည သုံး ၃ နာရီမှာတော့ နောက်ထပ်တစ်ဖွဲ့က စောင့်ကြိုပြီးထပ်တိုက်တယ်။ သူတို့ဘက်က အတော်လည်း အထိနာသွားခဲ့ပါတယ်သုံးကြိမ်စလုံးမှာ”ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရမှုတွင် စစ်တပ်ဘက်မှ ဟိုပင်မြို့ တဂွင်းကျေးရွာနေ တပ်ရင်းမှူး ထိန်လင်းစံနှင့် နှစ်ပွင့်ဗိုလ် ၁ ဦးအပါအဝင် စုစုပေါင်း ၂၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း အများအပြားရှိခဲ့ကြောင်းသိရသည်။

”တပ်ရင်းမှူးရဲ့အလောင်းကိုတော့ မြစ်ကြီးနားလေတပ်ကနေ ဟိုက်စကီး တစ်စီးဆင်းလာပြီး အင်းတော်ဘောလုံးကွင်းကနေ လာသယ်သွားတယ်။ အလောင်းကိုလည်းအဝတ်ဖြူနဲ့ပတ်ထားတယ်။ ကျန်တဲ့တပ်သားအဆင့် အလောင်းတွေကိုတော့ တောထဲမှာပဲမြှပ်ထားတယ်တဲ့ ဒဏ်ရာရတာလည်း ၁၀ ဂဏန်းရှိတယ် ကားနဲ့လာသယ်ပြီး အင်းတော် ရိက္ခာကုန်းတပ်မှာ ပို့လိုက်တယ်။ အခုတော့ဆေးကုသမှုခံယူနေကြတယ်တဲ့”ဟု အထက်ဖော်ပြပါ အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်ခံရသည့် စစ်ကြောင်းသည် အင်းတော်မြို့တွင်းသို့ပြန်ဆုတ်ခွာလာပြီး ယနေ့ နံနက်ပိုင်း အင်းတော်မြို့တွင်းတပ်သို့ ပြန်ရောက်လာကြပြီဟု သိရသည်။

ယမန်နေ့က တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမှု မရှိခဲ့သော်လည်း KIA ဘက်မှ တစ်ဦး တိုက်ပွဲတွင် ကျဆုံးခဲ့ကြောင်း အင်းတော် PDF မှ သိရသည်။

အဆိုပါ စစ်ကြောင်းသည် နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း နန်းမကြိုင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာစဥ် KIAနှင့် PDF တို့က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူအများအပြားရှိခဲ့သောကြောင့် အင်းတော်မြို့တွင်းသို့ ပြန်ဆုတ်လာပြီး ယမန်နေ့က စစ်ကြောင်းထပ်ထိုးလာစဥ် တိုက်ခိုက်ခံရ၍ အကျအဆုံးများခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...