တောင်ဥက္ကလာပမြို့နယ်တွင် စစ်ကောင်စီတပ်နားခိုသည့် အဆောက်အဦ အဝေးထိန်းဗုံးဖြင့် တိုက်ခိုက်ခံရ ၂ ဦး ဒဏ်ရာရ

တောင်ဥက္ကလာပမြို့နယ်တွင် စစ်ကောင်စီတပ်နားခိုသည့် အဆောက်အဦ အဝေးထိန်းဗုံးဖြင့် တိုက်ခိုက်ခံရ ၂ ဦး ဒဏ်ရာရ
ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ပုံ - အဟောင်း )
ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ပုံ - အဟောင်း )

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်တွင် စစ်ကောင်စီတပ် နားခိုသည့် အဆောက်အဦကို အဝေးထိန်းဗုံးဖြင့် တိုက်ခိုက်ခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း God’s Hands Force က သတင်းထုတ်ပြန်သည်။

တောင်ဥက္ကလာပမြို့နယ်၊ ၁၁ ရပ်ကွက် မေတ္တာလမ်းပေါ်ရှိ မီးသတ်စခန်းမှထွက်ကာ ပြည်သူများအား စစ်ဆေးမှုပြုလုပ်နေသည့် စစ်ကောင်စီတပ် နားခိုသည့် အဆောက်အဦကို ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့၊ ညနေ ၄ နာရီအချိန်တွင် အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ GHF ရဲ့ တပ်ခွဲ (၆) Black Fox YGN UG အနေနဲ့ လှုပ်ရှားလိုက်တာပါ။ မီးသတ်စခန်းက စစ်ကောင်စီတပ်တွေ နေထိုင်တဲ့ အဆောက်အဦကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်တာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုမှာ မြေပြင်သတင်းအရ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး မိုင်းထိပါတယ်” ဟု God’s Hands Force တာဝန်ရှိသူက မဇ္စျ်ိမကို ပြောသည်။

မြို့ပြပြောက်ကျားတပ်ဖွဲ့က အဝေးထိန်းဗုံးဖြင့် တိုက်ခိုက်သည့်အချိန်တွင် အဆောက်အဦအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးခန့်ရှိနေကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုတွင် အဆောက်အဦအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး မ်ိုင်းထိမှန်ကာ စိုးရိမ်ရသည့် အခြေအနေရှိပြီး အသေးစိတ်ကို ထပ်မံအတည်ပြုပေးမည်ဖြစ်ကြောင်း God’s Hands Force တာဝန်ခံက ဆိုသည်။

“ ဒီတိုက်ခ်ိုက်မှုကို တပ်ခွဲ (၆) က Star Light (MO1)ကနေ မိုင်းပစ္စည်းအကူအညီယူပြီး လုပ်ဆောင်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က အထိအခ်ိုက်မရှိခဲ့ပါဘူး။ ရန်ကုန်မှာ UG တွေ ဆက်ရှိမယ်။ ကျွန်တော်တိို့ကို ဂရုစိုက်ပေးကြပါ။ နိုင်တဲ့ ဘက်ကနေ ပါဝင်ပူးပေါင်းပေးကြပါ” ဟု ၎င်းက ဆက်ပြောသည်။

တိုက်ခ်ိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

ထိုသို့ အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဖောကား တစ်စီး၊ DC နှစ်စီးဖြင့် ရောက်ရှိလာကာ ဖြစ်စဉ် ဖြစ်ပွားသည့် နေရာအနီးတစ်ဝိုက်ကို လမ်းပိတ်ဆို့ပြီးနောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း God's Hand Force တပ်ဖွဲ့ထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...