ဘုရားသုံးဆူမြို့ ရွှေဆိုင်တစ်ဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှင်ကိုလည်း ပစ်ခတ်သွားခဲ့

ဘုရားသုံးဆူမြို့ ရွှေဆိုင်တစ်ဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှင်ကိုလည်း ပစ်ခတ်သွားခဲ့

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ရှိ သစ်ဆန်းယဉ်ရွှေဆိုင်အား ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦးမှ သေနတ်ဖြင့် လာရောက်ဓားပြတိုက်သွားပြီး ငွေများလုယူသွားသည့်အပြင် ဆိုင်ရှင်ကိုလည်း သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း မြို့ခံများထံမှ သိရသည်။

မြို့မစျေးအနီး ဓမ္မာရုံရှေ့ မျက်နှာချင်းဆိုင်တွင် ဖွင့်လှစ်ထားသည့် သစ်ဆန်း ယဉ်ရွှေဆိုင်အား မနေ့ညနေ ၅ နာရီကျော်အချိန်တွင် နှာခေါင်းစည်း(Mask) အမဲရောင်ဖြင့် မျက်နှာဖုံးအုပ်ထားသည့် အမျိုးသားတစ်ဦးက စျေးဝယ်ဟန်ဆောင်သည့်အသွင်ဖြင့် ၎င်းယူဆောင်လာသည့် သေနတ်အတိုကိုထုတ်ပြီး ဆိုင်ရှင်အား ခြိမ်းခြောက် ပစ်ခတ်ကာ ကျပ်ငွေများယူဆောင်သွားသည်ဟု ဆိုင်ရှင်နှင့်နီးစပ်သူများထံမှ သိရသည်။

“ငွေကျပ် သိန်း ၆ဝ ပါသွားတယ်။ ရွှေတော့မရလိုက်ဘူးပြောတယ်။ ဆိုင်ရှင်ကလေး တစ်ယောက်တော့ ကျောကုန်းမှာ သေနတ်ပစ်ခံရလို့ အခု ထိုင်းနိုင်ငံဘက်မှာ ဆေးကု သမှုခံယူနေရတယ်။ ” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ယနေ့ နိုဝင်ဘာ ၁၄ ရက်နေ့ ကေအိုင်စီသို့ပြောသည်။

ရွှေဆိုင်ဓားပြတိုက်သည့် အမျိုးသားအား ဖမ်းဆီးနိုင်ရန် ဘုရားသုံးဆူမြို့ရှိ အာဏာပိုင် အဖွဲ့အသီးသီးမှ စုံစမ်းနေလျက်ရှိသည်ဟု မြို့ခံလူထုများထံမှ သိရသည်။ ထို့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူမှုဘဝလုံခြုံမှုမရှိတော့သည့်အပြင် ပြည်သူများ၏ စည်းစိမ်ပိုင်ဆိုင်မှုများကိုလည်း ညစဉ်မပြတ် စောင့်ကြည့် နေရပြီး အိမ်ဖောက်ထွင်းပြီး ပစ္စည်းခိုးယူမှုလည်း နေ့စဉ်ရှိလာနေသည်ဟု ဘုရားသုံးမြို့ခံတစ်ဦးက ပြောသည်။

၎င်းက “ကိုယ့်အိမ်နဲ့ကို လုံခြုံရေး စောင့်နေရတယ်။ လုယက်ဖောက်ထွင်းမှုတွေ အရမ်းများလာတယ် ”ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် လများတွင်လည်း ကြာအင်းဆိပ်ကြီးမြို့ပေါ်တွင် နေ့ခင်းဘက်အချိန် လုယက်ခိုးယူမှုရှိလာပြီး ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများနှင့် ရွှေအရောင် းအဝယ်လုပ်ကိုင်သူများအား မသမာသူများမှ ပစ်မှတ်ထား လုပ်ဆောင်လာ လျက်ရှိသည့်အတွက် ဆိုင်အချို့ပိတ်သိမ်းသွားသည့်အထိ ရှိလာပြီး ပြည်သူများ၏ ဘဝလုံခြုံမှု ကင်းမဲ့လာသည်ဟု ဒေသခံများထံမှ သိရသည်။

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...