နန့်ယာ ကျေးရွာတွင် ညနေ ၅ နာရီမှ မနက် ၈ နာရီအထိ သွားလာခွင့်ကို စစ်ကောင်စီ ပိတ်ပင်

နန့်ယာ ကျေးရွာတွင် ညနေ ၅ နာရီမှ မနက် ၈ နာရီအထိ သွားလာခွင့်ကို စစ်ကောင်စီ ပိတ်ပင်

ဖားကန့် လမ်းမပေါ်  နန့်ယားကျေးရွာ စစ်တပ်ဂိတ်တွင် ဒေသခံများကို ဖြတ်သန်းသွားလာခွင့် ကန့်သတ်လိုက်သဖြင့် ကျေးရွာ ၅ ခုမှ ဒေသခံပြည်သူများက သွားလာရေး အခက်ကြုံတွေ့နေရသည်ဟု သိရသည်။

နိုဝင်ဘာ ၉ ရက်နေ့မှစတင်ကာ ကျေးရွာဂိတ်ဖြတ်သန်းခွင့်ကို နံနက်ပိုင်း ၈ နာရီမှ ညနေပိုင်း ၅ နာရီအထိသာ သတ်မှတ်လိုက်သောကြောင့် နံနက်အစောပိုင်း စျေးသည်များအတွက် အသက်မွေးဝမ်းကြောင်းလုပ်ငန်း ခက်ခဲသွားသည်ဟု နန့်ယားကျေးရွာအနီးရှိ ဆိုင်ဖရာဒေသခံတစ်ဦး KNG ကို ပြောသည်။

“၈နာရီအထိ စျေးမသွားဖို့ ဘယ်မှမသွားဖို့ လမ်းတွေမှာ မိုင်းထောင်ထားတယ်လို့ စစ်သားတွေက ပြောတယ်။ သူတို့ အဲ့လုပ်လိုက်တော့ နန့်ယားဘက်ကို ပုံမှန်သွားနေတဲ့ စျေးသည်တွေအတွက်က စျေးသွားမရောင်းရတော့ဘူးခက်ခဲနေတယ်။ မနေ့ကဆို စျေသည်တွေက အရင်က အချိန်ထင်ပြီးသွားလိုက်ကြတာ ဂိတ်မှာမသွားခိုင်းဘူး လမ်းပိတ်ထားတယ်။ ပြီးရင် အမြန်ခေါက်ပြကြဖို့ ပြောတယ် မပြန်ရင် အကုန်လုံးကို ပစ်သတ်လိုက်မယ်လို့ ခြိမ်းခြောက်ပြောဆိုတာတွေလုပ်တယ်”ဟု ပြောဆိုသည်။

ယခင်က နမ့်ယာဂိတ်တွင် နံနက်ပိုင်း ၆ နာရီမှ ည ၆ နာရီအထိပုံမှန် သွားလာခွင့်ပြုထားကြောင်း သိရသည်။

နန့်ယားကျေးရွာအနီးရှိသော ဂတ်နွယ်၊ ဂေါလိုယာန်၊ ခရိုင်ရွန်း၊ ခွမ်စိုင်ဇွပ်၊ ကပ်မှော်၊ ဆိုင်းဖရာ၊ မနော့နှင့် စပေါ့မှော် စသည့်ကျေးရွာများက နန့်ယားကျေးရွာဘက်တွင် စျေးသွား စျေးဝယ် ပြုနေရပြီး ယခုလို စစ်တပ်၏ လမ်းပိတ်ဆို့တားမြစ်မှု ကြုံတွေ့နေရခြင်း ဖြစ်သည်။

နမ့်ယာတွင် ညပိုင်းသွားလာခွင့် လုံးဝပိတ်ပင်ထားသည့်အပြင် စစ်ကောင်စီက ကျေးရွာရှိသည့်ဘက်သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြိမ်းခြောက်မှုများ ညစဉ် လုပ်ဆောင်နေကြောင်း ဒေသခံတစ်ဦးက ယခုထပ်မံပြောဆိုသည်။

“မနေ့ညက လက်နက်ကြီးမပါဘူး လက်နက်အသေးတွေနဲ့ ပစ်တာ ၇ နာရီလောက်ကနေ ၉ နာရီလောက်အထိပစ်တာ။ အရင် ၃ ရက်လောက်ကတော့ လက်နက်ကြီးတွေပါတယ်။ တစ်ချို့ဒေသခံတွေဆို တိုက်ပွဲ ဖြစ်တယ်ထင်လို့ ကြောက်လန့်ပြီး ထွက်ပြေးဖို့ လုပ်နေကြတာ။ ဒီနားတဝိုက်ရှိတဲ့ ရွာတွေရဲ့ ဘေးပတ်လည်လည်အကုန်ပစ်တာ”ဟု ပြောဆိုသည်။

ဖားကန့်ဘက်သို့ တင်သွင်းမည့် စစ်သုံးဆီများနှင့် ဆန်များကို အဆိုပါ နန့်ယားစစ်တပ်ဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့က အောက်တိုဘာလ ၁၅ ရက်နောက်ပိုင်း သယ်ယူခွင့် ပိတ်ဆို့ထားသည်မှာ တစ်လ နီးပါးခန့် ကြာမြင့်လာပြီဖြစ်သည်။

ထို့သို့ စစ်သုံးဆီနှင့် ဆန်များ တင်သွင်းခွင့်တားမြစ်ခံထားရသည့်အတွက် ဖားကန့်ဒေသတွင် ဆန်စျေးနှုန်းများ တစ်သိန်းဝန်းကျင်အထိ မြင့်တက်မှုများရှိနေပြီး စက်သုံးဆီများလည်း ပြတ်လပ်မှုဖြစ်ပေါ်နေပါသည်။

စစ်တပ်ဘက်မှ ယခုလို လမ်းပိတ်ဆို့မှုများလုပ်ဆောင်လာခြင်းသည် ဖားကန့်ဒေသအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ထံသို့ စီးဆင်းနေသော ဝင်ငွေများကို ပိတ်ဆို့ရန်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဖားကန့်ဒေသခံများက ပြောဆိုနေကြသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...