PDF ထောက်ပံ့သည်ဆိုကာ နန်းမားဒေသခံ အမျိုးသမီး ၂ ဦးကို စစ်ကောင်စီဖမ်းဆီး

PDF ထောက်ပံ့သည်ဆိုကာ နန်းမားဒေသခံ အမျိုးသမီး ၂ ဦးကို စစ်ကောင်စီဖမ်းဆီး

မိုးညှင်းမြို့နယ် နန်းမားကျေးရွာ မှ အမျိုးသမီး ၂ဦးကို KPDF ထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

အောက်တိုဘာ ၁၀ ရက်နေ့ ညပိုင်းတွင် နန်းမားကျေးရွာ အလယ်တောရပ်ကွက်မှ ဒေါ်ယဥ်ယဥ်တင် အသက် ၃၀ ကျော်နှင့် ဒေါ်ညို‌လေးတို့ ၂ ဦးအား စစ်ကောင်စီက KPDF ထောက်ပံ့နေသည်ဟု စွပ်စွဲ၍ နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နန်းမားကျေးရွာမှ အမျိုးသားတစ်ဦးက KNG ကို အတည်ပြုပြောကြားသည်။

''မနေ့က ညနေပိုင်းလောက်မှာ ဖမ်းသွားတာ သူကအိမ်မှာ ဝက်ကိုအစာကျွေးနေတာ အဲ့ချိန်စစ်သားတွေကားနဲ့ရောက်လာပြီး ဖမ်းခေါ်သွားတယ်။ ဘယ်ကို ခေါ်သွားတယ်ဆိုတာတော့ မသိရဘူး'' ဟု ပြောသည်။

ဒေါ်ယဥ်ယဥ်တင်သည် အိမ်ထောင်သည် အမျိုးသမီးဖြစ်ပြီး ဝက်မွှေးမြူရေးလုပ်ကိုင်ကာ ဒေါ်ညို‌လေးသည်လည်း အိမ်ထောင်သည် အမျိုးသမီးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသည့် အဆိုပါ အမျိုးသမီး၂ ဦးကို လက်ရှိချိန်ထိ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးသည့်အပြင် မိသားစုဝင်များနဲ့လည်း အဆက်အသွယ်မရသေးကြောင်းသိရသည်။

''အိမ်မှာကျန်နေတဲ့သူ့မိသားစုဝင်တွေကိုတော့ ဘာမှနောက်ယှက်တာမရှိဘူးသူ့တစ်ယောက်ထဲကိုပဲ ဖမ်းသွားတယ်။ သူက ဝက်မွေးပြီးအေးအေး ဆေးဆေး နေတတ်သူပါ ဘယ်လိုလုပ်ပြီး ဖမ်းခံထိတာလည်းတော့မသိဘူး'' ဟု ဒေသခံတစ်ဦးက ပြောသည်။

နန်းမားမြို့ မြို့မရပ်ကွက် ကားလမ်းမကြီးဘေးတွင်ရှိသည့် ဘကြီးမုံ(ခ) ဦးသန်းစိုး အသက် ၃၀ ကျော်၏ နေအိမ်ကို စက်တင်ဘာ ၂၈ ရက်နေ့ ည ၃နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီက ဖြိုချဖျက်ဆီးခဲ့သည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...