PDF ထောက်ပံ့သည်ဆိုကာ နန်းမားဒေသခံ အမျိုးသမီး ၂ ဦးကို စစ်ကောင်စီဖမ်းဆီး

PDF ထောက်ပံ့သည်ဆိုကာ နန်းမားဒေသခံ အမျိုးသမီး ၂ ဦးကို စစ်ကောင်စီဖမ်းဆီး

မိုးညှင်းမြို့နယ် နန်းမားကျေးရွာ မှ အမျိုးသမီး ၂ဦးကို KPDF ထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

အောက်တိုဘာ ၁၀ ရက်နေ့ ညပိုင်းတွင် နန်းမားကျေးရွာ အလယ်တောရပ်ကွက်မှ ဒေါ်ယဥ်ယဥ်တင် အသက် ၃၀ ကျော်နှင့် ဒေါ်ညို‌လေးတို့ ၂ ဦးအား စစ်ကောင်စီက KPDF ထောက်ပံ့နေသည်ဟု စွပ်စွဲ၍ နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နန်းမားကျေးရွာမှ အမျိုးသားတစ်ဦးက KNG ကို အတည်ပြုပြောကြားသည်။

''မနေ့က ညနေပိုင်းလောက်မှာ ဖမ်းသွားတာ သူကအိမ်မှာ ဝက်ကိုအစာကျွေးနေတာ အဲ့ချိန်စစ်သားတွေကားနဲ့ရောက်လာပြီး ဖမ်းခေါ်သွားတယ်။ ဘယ်ကို ခေါ်သွားတယ်ဆိုတာတော့ မသိရဘူး'' ဟု ပြောသည်။

ဒေါ်ယဥ်ယဥ်တင်သည် အိမ်ထောင်သည် အမျိုးသမီးဖြစ်ပြီး ဝက်မွှေးမြူရေးလုပ်ကိုင်ကာ ဒေါ်ညို‌လေးသည်လည်း အိမ်ထောင်သည် အမျိုးသမီးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသည့် အဆိုပါ အမျိုးသမီး၂ ဦးကို လက်ရှိချိန်ထိ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးသည့်အပြင် မိသားစုဝင်များနဲ့လည်း အဆက်အသွယ်မရသေးကြောင်းသိရသည်။

''အိမ်မှာကျန်နေတဲ့သူ့မိသားစုဝင်တွေကိုတော့ ဘာမှနောက်ယှက်တာမရှိဘူးသူ့တစ်ယောက်ထဲကိုပဲ ဖမ်းသွားတယ်။ သူက ဝက်မွေးပြီးအေးအေး ဆေးဆေး နေတတ်သူပါ ဘယ်လိုလုပ်ပြီး ဖမ်းခံထိတာလည်းတော့မသိဘူး'' ဟု ဒေသခံတစ်ဦးက ပြောသည်။

နန်းမားမြို့ မြို့မရပ်ကွက် ကားလမ်းမကြီးဘေးတွင်ရှိသည့် ဘကြီးမုံ(ခ) ဦးသန်းစိုး အသက် ၃၀ ကျော်၏ နေအိမ်ကို စက်တင်ဘာ ၂၈ ရက်နေ့ ည ၃နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီက ဖြိုချဖျက်ဆီးခဲ့သည်။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...