ကသာတွင် မီတာကြေးမဆောင်ကြသည့် ရပ်ကွက်တွင် မီးကြိုးများစတင်ဖြတ်တောက်နေ

ကသာတွင် မီတာကြေးမဆောင်ကြသည့် ရပ်ကွက်တွင် မီးကြိုးများစတင်ဖြတ်တောက်နေ

ကသာမြို့တွင် တစ်နှစ်ကျော်အတွက် ပေးဆောင်ရမည့် မီတာကြေးများကို လိုက်လံကောက်ခံနေပြီး မီတာကြေးမဆောင်ကြသည့် နေအိမ်များကို ကသာ EPC အဖွဲ့မှ မီးကြိုးဖြတ်တောက်မှုများ လုပ်ဆောင်ပေးနေကြောင်း ဒေသခံများပြောသည်။

မီတာကြေးကောက်ခံရာတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ကိုဗစ်ကာလအတွက်ပါ ပေးဆောင်ကြရန် အောက်တိုဘာ လဆန်းပိုင်းအတွင်းမှ မီတာစာရွက်များဖြန့်ဝေကြေညာခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းမှစကာ မီတာကြေးမဆောင်သည့် ရပ်ကွက်အတွင်း မီးဖြတ်တောက်မှုများ လုပ်ဆောင်နေသည်ဟု ကသာဒေခံတစ်ဦး KNG ကိုပြောသည်။

“သူတို့က မီတာစာရွက်တွေ အရင်နှစ်ကနေ ဒီနှစ်အောက်တိုဘာလအထိ မီတာကြေးတွေ ဆောင်ရမယ်ဆိုပြီး မီတာစာရွက်တွေ ဝေထားတယ်။ အခုက မီတာကြေးမဆောင်တဲ့ ရပ်ကွက်တွေကို Transformer ကနေဖြတ်ပေးလိုက်တာတွေလုပ်နေတယ်။ တစ်ချို့ရပ်ကွက်တွေဆို မီးမရတော့ဘူး”ဟုပြောဆိုသည်။

လျှပ်စစ်မီးကြိုးများလိုက်လံဖြတ်တောက်ခဲ့ရာတွင် သေနတ်ကိုင်ဆောင်ထားသည့် လျှပ်စစ်ဝန်ထမ်း ၄ ဦးအပါအဝင် စစ်သားများနှင့် ရဲများ စုစုပေါင်း ၁၀ ဦးထက်မနည်းတွေ့ရသည်ဟုသိရသည်။

တစ်နှစ်ကျော်အတွက် မီတာစာရွက်တွင် တစ်သိန်းကျော်မှ ၁၀ သိန်းဝန်းကျင်အထိ ပေးဆောင်ရမည်ဖြစ်ပြီး ရပ်ကွက်တစ်ချို့တွင် မီးကြိုးဖြတ်တောက်ပေးလိုက်သည့်နောက်ပိုင်း မီတာကြေးလာသွင်းသူများရှိသလို မဆောင်သေးသည့် ပြည်သူများလည်းရှိနေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

ကသာမြို့နယ် လျှပ်စစ်ရုံးဝင်းအတွင်းမှာလည်း သဲအိတ်ဘန်ကာများတပ်ချထားကာ စစ်ကောင်စီတပ်များအပါ လျှပ်စစ်ဝန်ထမ်းများ သေနတ်ကိုင်ဆောင်ထားပြီး နေ့စဉ်ပုံမှန်တွေ့ရကြောင်း သိရသည်။

“သေနတ်ကိုင်ထားတဲ့ လျှပ်စစ်ရုံးဝန်ထမ်းတွေပဲ ကျနော်တို့ရဲ့ Transformer ကနေ မီးကြိုးလာဖြတ်သွားတယ်။ အခုရပ်ကွက်ထဲ မီးမလာတော့ဘူး”ဟုနောက်ထပ် သတင်းအရင်းအမြစ်တစ်ဦးက ပြောဆိုသည်။

လက်ရှိ ကသာမြို့ပေါ်ရပ်ကွက်အတွင်း ရပ်ကွက် ၁၊ ရပ်ကွက် ၂ ၊ ရပ်ကွက် ၈ ၊ မီတာ ၂၀၀ အားကာတိုက်တန်းနှင့် မြို့ပြင် ကျေးရွာများဖြစ်ကြသည့် ရေဘုတ်၊ ဝဲကြီး၊ ကြာအင်းကုန်း၊ ပန္နဲချောင်နှင့် ပန်းသေ စသည့် ရပ်ကွက် ၅ နေရာတွင် မီးဖြတ်တောက်ခံထားရကြောင်း သိရသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...