ကျောက်တော်တွင် တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိဘဲ စစ်ကောင်စီတပ်က ရွာထဲကို လက်နက်ကြီးပစ်ခတ်၍ ကလေးငယ် ၂ ဦးအပါအဝင် ရွာသား (၅) ဦး ထိခိုက်ဒဏ်ရာရ

ကျောက်တော်တွင် တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိဘဲ စစ်ကောင်စီတပ်က ရွာထဲကို လက်နက်ကြီးပစ်ခတ်၍ ကလေးငယ် ၂ ဦးအပါအဝင် ရွာသား (၅) ဦး ထိခိုက်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ရွှေပြည်နှင့် ရွှေပြည်သစ်ကျေးရွာထဲကို စစ်တပ်က  လက်နက်ကြီးပစ်ခတ်၍ အသက် ၇ နှစ်အရွယ် ကလေးငယ်နှစ်ဦး၊ သက်ကြီးရွယ်အိုတစ်ဦး  အပါအဝင် ရွာသား (၅) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

ယနေ့ နိုဝင်ဘာ (၁၁) ရက် နေ့လယ် ၁ နာရီခန့်တွင် ကျောက်တော်အခြေစိုက် စကခ(၉) တပ်မမှ လက်နက်ကြီး (၃) လုံး ပစ်ခတ်ရာ ရွှေပြည်ကျေးရွာတွင် တစ်လုံး၊ ရွှေပြည်သစ်ကျေးရွာတွင် နှစ်လုံးကျရောက်ကာ နေအိမ်ပျက်စီးမှု နှင့် လူထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေခြင်းဖြစ်သည်။

"ကျနော်တို့ရွာက အိမ်တစ်အိမ်မှာ လက်နက်ကြီးကျလို့ ၄ ယောက်ဒဏ်ရာရနေပါတယ်။ အခုလက်ရှိ သွေးအိုင်ထဲလဲနေပါတယ်။ ရွှေပြည်မှာလည်း အိမ်တစ်အိမ်မှာကျပြီး တစ်ယောက်ဒဏ်ရာရပါတယ်"ဟု ရွှေပြည်သစ်ကျေးရွာသားတစ်ဦးက ပြောသည်။

ရွှေပြည်သစ်ကျေးရွာမှ ဦးမောင်သိန်းအောင်နေအိမ်သို့ လက်နက်ကြီးကျည်ကျကာ

ဦးမောင်သိန်းအောင်(၇၅) နှစ် ၊ ဇနီးဖြစ်သူ ဒေါ်ဦးမြအေး(၇၀) နှစ် ၊ သမီးဖြစ်သူ မေကြီး(၃၂) နှစ် နှင့် မြေးဖြစ်သူ မခိုင်ဇင်ဖြိုး( ၇) နှစ် တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

ရွှေပြည်ကျေးရွာတွင်လည်း လက်နက်ကြီးကျည်ကျကာ (၇) နှစ်အရွယ် မလှလှကျော့မှာလည်း ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

လက်ရှိကျောက်တော်နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိ ပြည်သူလူထုကို တမင်ရည်ရွယ် ပစ်ခတ်ခြင်း ဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။

ယနေ့ နံနက်က ပုဏ္ဏားကျွန်းမြို့နယ် ဒီပါရုံရွာတွင် လက်နက်ကြီးကျည်ကျ၍ တစ်ဦးသေဆုံးပြီး နောက်ထပ် ပြင်းထန်ဒဏ်ရာ ရရှိသွားသူကိုလည်း ဆေးရုံသို့ပို့ဆောင်စဉ် လမ်းခုလတ်တွင် သေဆုံးသွာခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေပိုင်းတွင် ဆင်အင်းကြီးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက် သွားပြီးနောက် ရွာထဲရှိ နေအိမ် ၄ လုံး မီးလောင်ပျက်စီးသွားခဲ့သလို ယနေ့နံနက်ပိုင်းကလည်း ရွာထဲတွင် ပစ်သတ်ခံထားရသည့် အဖွားတစ်ဦးပါ ၉ ဦး၏အလောင်းကိုလည်း တွေ့ရှိခဲ့သည်ဟု သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...