ဒုတပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၃ ဦးပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ဒုတပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၃ ဦးပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

မွန်ပြည်နယ်၊ သထုံမြို့ ဝင်းစိန်ကျေးရွာတွင် ယနေ့ နိုဝင်ဘာလ ၁၀ ရက်၊ နံနက်တွင် သထုံအမှတ် (၉) လေ့ကျင့်ရေးတပ်မှ ဒုတပ်ရင်းမှူးအပါအဝင် ၃ ဦးပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်များ စစ်ကြောင်း ထိုးဝင်ရောက်လာပြီး ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်နေခြင်းကြောင့် ဒေသခံရွာသားများမှာ ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ဝင်းစိန်ကျေးရွာမှ ပြန်လာသည့် သထုံအမှတ်(၉)လေ့ကျင့််ရေးတပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူနှင့် ၎င်း၏အပေါင်းအပါများ စီးနင်းလာသည့်ကားကို မသင်္ကာသဖြင့ ယနေ့နံနက် (၅)နာရီခွဲအချိန်တွင် သထုံ(ပကဖ)ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က တားဆီးပစ်ခတ်ခဲ့ခြင်းကြောင့် ဗိုလ်မှူးချစ်ဝင်းသူအပါအဝင် (၃)ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကာ ထွက်ပြေးသွားခဲ့ပြီး ကားပေါ်ပါလာသည့် သေနတ်(၃)လက်ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သထုံ(ပကဖ) သတင်းထုတ်ပြန်ထားသည်။

ထိုသို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ညနေ(၃)နာရီအချိန်တွင် ဝင်းစိန်ကျေးရွာထဲသို့ စစ်အင်အား (၈၀)ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာထဲသို့ ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေ သည့်အတွက် ဒေသခံရွာသူရွာသာများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

“ဝင်းစိန်ရွာဘက်မှာ ပစ်နေကြတာပါ။ ရွာသားတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။ မနက်က ဖြစ်ပြီး မိနစ် ၃၀ လောက်မှာသူတို့ဆီက အလောင်းလာကောက်တယ်။ ညနေ ၃ နာရီဝန်းကျင်လောက်က သူတို့အင်အား ၈၀ လောက်နဲ့ထပ်ဝင်လာတယ်။ ရမ်းသမ်းပစ်နေတာမျိုးတော့ရှိပါတယ်။ လက်နက် ကြီးတော့ မပစ်သေးပါဘူး”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွင် ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူနှင့် အပေါင်းအပါများ မတရားဖမ်းဆီးလာသည့် အပြစ်မဲ့ပြည်သူများကိုလည်း ကယ်ထုတ်နိုင်ခဲ့ကြောင်းလည်း သထုံ (ပကဖ) ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

သထုံ အမှတ်(၉) လေ့ကျင့််ရေးတပ် ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူဆိုသူသည် ပြီးခဲ့သည့် ဇွန်လ ၂၆ရက် နေ့က ဖြစ်ပွားခဲ့သော ထုံးဘိုလေးကျေးရွာ မီးရှို့မှုတွင် အဓိက ပါဝင်သူတစ်ဦးဖြစ်ပြီး သထုံမြို့နယ်တွင်လည်း တက်ကြွလှုပ်ရှားသူများကို ရှာဖွေဖမ်းဆီးသူတစ်ဦးဖြစ်သည်ဟု သထုံ (ပကဖ) ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...