ဖားကန့်သို့ဝင်မည့် စက်သုံးဆီသယ်ကား တစ်စီးကို ကျပ် ၃ သိန်းအထိ စစ်ကောင်စီ ကောက်ခံနေ

ဖားကန့်သို့ဝင်မည့် စက်သုံးဆီသယ်ကား တစ်စီးကို ကျပ် ၃ သိန်းအထိ စစ်ကောင်စီ ကောက်ခံနေ
ဖားကန့်ကျောက်စိမ်းတစ်နေရာတွင် မြင်တွေ့ရသည့် ကျောက်စိမ်းလုပ်ကွက်နေရာ
ဖားကန့်ကျောက်စိမ်းတစ်နေရာတွင် မြင်တွေ့ရသည့် ကျောက်စိမ်းလုပ်ကွက်နေရာ

ဖားကန့်မြို့နယ်အတွင်းသို့ စက်သုံးဆီတင်သွင်းမှုကို ရက်ပေါင်း ၂၀ နီးပါး ပိတ်ပင်ခဲ့သော စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၅ ရက်နေ့မှ စတင်ပြီး စက်သုံးဆီကား တစ်စီးလျှင် ငွေကျပ် ၃ သိန်း တောင်းခံကာ ပြန်လည်တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။

စစ်ကောင်စီသည် ဖားကန့်မြို့နယ်အတွင်းသို့ စက်သုံးဆီတင်သွင်းခွင့်ကို အောက်တိုဘာ ၁၉ ရက်နေ့  နောက်ပိုင်းမှ စတင်ကာ နန့်ယားဂိတ်တွင် တားမြစ်ပိတ်ပင်ခဲ့ပြီးနောက် ရက်ပေါင်း ၂၀ နီးပါးအကြာ နိုဝင်ဘာလ ၅ ရက်နေ့တွင် ငွေကြေးကောက်ခံကာ ဝင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

''ဆီဆိုင်တွေကတော့ပြန်ဖွင့်ပါပြီ။ အားလုံးနီးပါးတော့မဟုတ်ဘူး။ တစ်ချို့တစ်ဝက် ပိတ်နေသေးတယ်။ တော်ဝန် ဆီဆိုင်တို့ ဆိုရင်တော့ ပြန်ဖွင့်ပြီ ဒါပေမယ့် နန့်ယားဂိတ်မှာ တစ်စီးကို၏ သုံးသိန်းပေးပြီး ဝင်ရတာတဲ့။ အဲကြောင့်လားမသိဘူး။  တချို့ဆိုင်တော့ခုထိ မဖွင့်ကြသေးဘူး'' ဟု ဆီဆိုင်လုပ်ငန်းရှင်များနှင့် ရင်းနှီးသည့် ဖားကန့် ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်တွင် ယခုကဲ့သို့စက်သုံးဆီ ပြန်လည်ဝင်ရောက်ခွင့်ပြုပြီဖြစ်သောကြောင် နိုဝင်ဘာ ၅ ရက်နေ့ မတိုင်မှီက 92 တစ်ဂါလံ ၁၈၀၀၀ ကျပ်၊ 95 တစ်ဂါလံ ကျပ် ၂၂၀၀၀ ကျပ်အထိစျေးမြင့်တက်ခဲ့ပြီး ယခုတွင် 92 တစ်ဂါလံ ၁၄၀၀၀ ကျပ်နှင့် 95 တစ်ဂါလံ ကျပ် ၁၈၀၀၀ အထိစျေးကျလာကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည် အနန့်ပါ ကို လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်နောက်ပိုင်းမှစ၍ ဖားကန့်မြို့နယ် အတွင်းသို့ စက်သုံးဆီ နှင့် ဆန်တင်သွင်းခွင့်ကို ပိတ်ပင်ထားပြီး ဆန်တစ်အိတ် ၆၀၀၀၀ ကျော်မှ ကျပ် ၁၁၀၀၀၀ အထိ စျေးတက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည် လက်ရှိ နန့်ယား (Nam Ya) စစ်ဆေးရေးဂိတ်တွင် ခရီးသွားကားများ၊ ခရီးသည်များ၊ ကုန်ကား များကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေပြီး ဖားကန့်ဘက်ဝင်မည့်ခရီးသည်များ နှင့် ကားများကိုစစ်ဆေးမှု ပိုလုပ်နေကြောင်းသိရသည်။

Most read this week

January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...