စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်နေမှုကြောင့် မိုးမောက်ဒေသခံများ လယ်စပါးရိတ်သိမ်းရန် အခက်ကြုံနေ

စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်နေမှုကြောင့် မိုးမောက်ဒေသခံများ လယ်စပါးရိတ်သိမ်းရန် အခက်ကြုံနေ
မိုးမောက်ဒေသခံများ၏ ရိတ်သိမ်းရန် လိုအပ်နေသည့် လယ်စပါးများ
မိုးမောက်ဒေသခံများ၏ ရိတ်သိမ်းရန် လိုအပ်နေသည့် လယ်စပါးများ

မိုးမောက်မြို့နယ် လုံဂျာဘွမ်တောင်ခြေရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်သားများ တပ်ဆွဲနေထိုင်နေသည့်အပြင် နေ့စဥ် လက်နက်ကြီးများ ယမ်းသမ်းပစ်ခတ်နေမှုကြောင့် လယ်ရှင်များ လယ်စပါးရိတ်သိမ်းရန် အခက်အခဲ ကြုံတွေ့နေကြောင်း ဒေသခံများထံမှ သိရသည်။

လုံဂျာ၊ နောင်ပေါင်း၊ ဝဝမ် စသည့်ကျေးရွာများရှိ ပြည်သူလူထု၏ လယ်စပါးခင်းများမှာ လုံဂျာဘွမ်တောင်ခြေ တကြောတွင်သာရှိပြီး ထိုနေရာတစ်ဝိုက်တွင် စစ်ကောင်စီ အင်အား ၆၀၀ ခန့် တပ်ဆွဲထားသည်။ နေ့စဥ် လက်နက်ကြီးများ ယမ်းသမ်းပစ်ခတ်နေမှုကြောင့် လယ်ရှင်များလယ်စပါးရိတ်သိမ်းရန် အခက်အခဲ ဖြစ်နေကြောင်း မိုးမောက်ခါနန်ရပ်ကွက်မှ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

''အဲ့လယ်စပါးခင်းတွေက သူတို့စစ်သားတွေရဲ့ လက်နက်ကြီးပစ်ကွင်းဘက်မှာ ရှိနေတာလေးအဲ့ဆိုတော့ဘယ်သူ့မှ အသက်နဲ့လဲပြီးမသွားရဲကြဘူး။ ပိုက်ဆံများများ ပေးပြီးခေါ်နေရတာ ပိုက်ဆံများများ ပေးခေါ်တာတောင်လူက ရှားတယ်။ လက်နက်ကြီးတွေလည်းပစ်တော့ အဲ့ဘက်ကိုဆို မသွားရဲကြဘူးလေ လယ်ရှင်တွေက အခက်အခဲဖြစ်တာပေါ့။ မရိတ်သိမ်းလည်းမဖြစ်ဘူး'' ဟု မိုးမောက် ခါနန်ရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။

မိုးမောက်ဘက်တွင် ယခင်နှစ်များက လယ်စပါးရိတ်သိမ်းခ နေ့စားတစ်ဦးလျှင် ကျပ် ၅၀၀၀ သာပေးရသော်လည်း လက်ရှိတွင် ၈၀၀၀ ကျပ် ပေး၍ နေ့စားငှားနေရကြောင်း သိရသည်။

သို့သော်လည်း နေ့စားလိုက်မည့်သူ ရှားပါးနေဆဲဖြစ်သောကြောင့် အဆိုပါဒေသရှိ လယ်ယာဧက ၈၀၀ ကျော် လယ်စပါးအချိန်မှီ မရိတ်သိမ်းနိုင်မည့်အခြေအနေဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၂၂ ရက်နေ့ကတည်းက လုံဂျာဘွမ်တောင်ကို ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သည်။

စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မံခွန်ကျေးရွာ ယာခင်းတစ်နေရာတွင် လက်နက်ကြီး တစ်လုံးကျမှန်ပေါက်ကွဲခဲ့ရာ အမျိုးသမီတစ်ဦး အသက်သေဆုံးမှုရှိခဲ့ပြီး ခါနန်ရပ်ကွက် အထက်တန်းကျောင်းရှေ့ တွင်လည်း လက်နက်ကြီး တစ်လုံးကျကွဲခဲ့သည့်အတွက် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုနည်းတူ အောက်တိုဘာလ ၂၉ ရက်နေ့တွင်လည်း မိုးမောက် ခါနန်ရပ်ကွက် ၃ နေအိမ်တစ်ခုတွင် လက်နက်ကြီး ထပ်မံကျကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာလ ၃၁ ရက်နေ့တွင် ခါနန်ရပ်ကွက်ရှိ မူကြိုကျောင်းအတွင်း လက်နက်ကြီးတစ်လုံး ကျမှန်ပေါက်ကွဲခဲ့သောကြောင့် ကျောင်း များ ထိခိုက်ပျက်စီးသွားကြောင်းသိရသည်။

မိုးမောက်ဒေသခံများ၏ ရိတ်သိမ်းရန် လိုအပ်နေသည့် လယ်စပါးများ

ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...