ဖားကန့်မြို့မှာ စက်သုံးဆီပြတ်လပ်မှုနှစ်ပတ် ကျော်ရှိလာပြီ

ဖားကန့်မြို့မှာ စက်သုံးဆီပြတ်လပ်မှုနှစ်ပတ် ကျော်ရှိလာပြီ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို တင်သွင်းတဲ့ဓာတ်ဆီကားတွေကို စစ်ကောင်စီတပ်ပိတ်ဆို့ထား မှုကြောင့် ဆီပြတ်လပ်မှုဖြစ်ပေါ်နေတာ နှစ်ပတ်ကျော်ကြာမြင့်နေပြီလို့ သိရပါတယ်။

ဖားကန့်အနန့်ပါဒေသကို စစ်ကောင်စီတပ်တွေ လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ပြီးနောက် ဖားကန့်မြို့ကိုတင်ပို့မယ့် ဓာတ်ဆီကားတွေကို နန့်ယားကျေးရွာမှာ တားဆီးထားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

တရားဝင်လိုင်စင်ရထားတဲ့ စက်သုံးဆီဆိုင်တွေက ဓာတ်ဆီပြတ်လပ်မှုကြောင့် ပိတ်ထားကြပြီး လမ်းဘေးဆိုင်တွေဆီကနေ ဓာတ်ဆီတစ်ဂါလံ ကျပ်နှစ်သောင်းကနေ နှစ်သောင်းခွဲပေးဝယ်ယူနေရတယ်လို့ ပြောကြပါတယ်။

“ အခုကတော့ တာမခံကနေ ပုံးတွေနဲ့ ဆိုင်ကယ်တွေနဲ့သွားသယ်ကြတယ်တဲ့ ဝယ်ရောင်းလုပ်တဲ့သူတွေပေါ့ကွာ၊ တာမခံက အရင်က ဆီကျန်တွေရှိထားလို့လား အဲ့မှာက အသုံးနည်းလို့ဆီကျန်တွေဘာတွေရှိတာကိုး ၊ ဒီဘက်မှာက သုံးတဲ့ လူပိုများတာလေ၊ အခုငါတို့တောင်မှ ဆီမရှိလို့ ကားတောင်မမောင်းရဘူး” လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပြပါတယ်။

ဓာတ်ဆီရဖို့အတွက် လမ်းဘေးတွေမှာ ရောင်းချနေတဲ့ဆိုင်ဖွင့်ချိန်ကို စောင့်ဆိုင်း တန်းစီဝယ်ယူရပြီး တစ်ဦးကို နှစ်ဂါလံသာရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“ ဆိုင်သေးသေးလေးတွေမှာသွားရောင်းနေတာလေ၊ ညနေပိုင်းတွေမှာတို့ မနက်ပိုင်း တစ်ချိန်တစ်ချိန်ရောင်းတယ်လေ အဲ့လိုမျိုး၊ ဆိုင်ကြီးတွေဆီကနေ တဆင့်ရောင်းခိုင်းတဲ့သဘောရှိတယ်။ သူတို့ဆိုင်ကြီးတွေမှာ စျေးအရမ်းတင်တဲ့ အခါကျတော့ မရောင်းချင်လို့ တဆင့်ရောင်းခိုင်းတာလားမသိဘူး” လို့ ဆိပ်မူကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

ဆီပြတ်လပ်မှုဖြစ်ပေါ်နေတယ်လို့ ဆိုပေမယ့် ဖားကန့်မြို့ကို အင်းတော်ကြီးဒေသကနေ တဆင့် ၁၂ ဘီးကားတွေနဲ့ စက်သုံးဆီနေ့စဉ်ဝင်ရောက်မှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလမှာလည်း ဖားကန့်မြို့မှာ စက်သုံးဆီစျေး တစ်ဂါလံကို ကျပ်သုံးသောင်းအထိ မြင့်တက်ခဲ့ဖူးပြီး ပြတ်လပ်မှုရက်သတ္တတစ်ပတ် ကျော်ကြာမြင့်ခဲ့ပါတယ်။

April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...
မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit
April 9, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ရွှေစက်ရပ်ကွက်မှာ စက်သုံးဆီသိုလှောင်ထားတဲ့...