သတင်းသမားတွေအပေါ် စစ်ကောင်စီ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အရေးယူပေးဖို့ တောင်းဆို

သတင်းသမားတွေအပေါ် စစ်ကောင်စီ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အရေးယူပေးဖို့ တောင်းဆို

သတင်းသမားတွေအပေါ် စစ်ကောင်စီက ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာတရားရုံးတွေမှာ အရေးယူနိုင်အောင် ဆောင်ရွက်ပေးဖို့ နိုင်ငံတကာ တာဝန်ရှိသူတွေကို Free Experssion Myanmar က တောင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ “အပြည်ပြည်ဆိုင်ရာသတင်းသမားတွေအပေါ် ကျူးလွန်တဲ့ ရာဇ ဝတ်မှု တွေကနေ ပြစ်ဒဏ်ကင်းလွတ်နေခြင်း ရပ်တန့်ရေးနေ့”အတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်း Free Experssion Myanmar-FEM က ကြေညာချက်ထုတ်ပြန်ထားတာပါ။

အဲဒီထုတ်ပြန်ချက်မှာ စစ်ကောင်စီဟာ သတင်းထောက်တွေအပေါ် တိုက်ခိုက်တာ၊ ကြောက်လန့်အောင် ပြုမူတာ၊ သတ်ဖြတ်တာ၊ နှိပ်စက်တာ၊ ရိုက်နှိက်ပြစ်ဒဏ်ပေးတာ၊ အဓမ္မပြုကျင့်တာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ဥပဒေအရ တရားမျှတလုံလောက်တဲ့ အကြောင်းပြချက်မရှိဘဲ လွတ်လပ်မှု ဆုံးရှုံးနေတယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုပြစ်မှုကျုးလွန်နေတဲ့ စစ်ကောင်စီကို သူတို့ရဲ့ ရာဇဝတ်မှုအတွက် တာဝန်ခံရစေဖို့နဲ့ မြန်မာပြည်သူတွေ ရှေ့မှောက် တရားမျှတမှု ဆောင်ကျဉ်းနိုင်စေဖို့က စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရဲနဲ့တရားရုံးတွေမှာ စုံစမ်း စစ်ဆေးတာနဲ့ ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူဖို့ မဖြစ်နိုင်တော့တဲ့ ပြည်တွင်းတရား စီရင်ရေးက ပျက်သုန်းသွားတဲ့ အခြေအနေကို ရောက်နေတယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် နိုင်ငံတကာတရားရုံးတွေနဲ့ နိုင်ငံတကာယန္တရားတွေ အပါအဝင် နိုင်ငံတကာရှိ တာဝန်ရှိသူတွေ အနေနဲ့ အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့် ပြဌာန်းချက်တွေကို အသုံးပြုပြီး စစ်ကောင်စီကို အရေးယူပေးဖို့ တောင်းဆိုရတာလို့ Free Experssion Myanmar-FEM က ဆိုပါတယ်။

ဒါအပြင် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက မတရားသတ်ဖြတ်ခြင်းခံထားရတဲ့ သတင်း ထောက် ၄ ဦးရှိတဲ့အပြင် အာဏာမသိမ်းခင်ကာလတွေနဲ့ ပေါင်းမယ်ဆိုရင် စုစုပေါင်း ၉ ဦးအထိ ရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် သတင်းမီဒီယာလုပ်ငန်းလိုင်စင်တွေနဲ့ ထုတ်ဝေခြင်းလိုင်စင်ပိတ်သိမ်းတာတွေ လုပ်ဆောင်နေတဲ့အပြင် နိုင်ငံတဝန်းက သတင်းထောက်တွေကိုလည်း ဖမ်းဆီးပြီး နိုင်ငံတော်အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မတရား အသင်း ဆက်သွယ်မှုဥပဒေနဲ့ လက်နက်နဲ့ပေါက်ကွဲစေတဲ့ ဥပဒေပုဒ်မတွေအပြင် ရာဇသတ်ကြီးပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူတာတွေ လုပ်ဆောင်နေပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာလုပ်ငန်းလိုင်စင်တွေနဲ့ ထုတ်ဝေခွင့် လိုင်စင် ပိတ်သိမ်းခံထားရတဲ့ သတင်းဌာန(၁၄ )ခုရှိတဲ့အပြင် သတင်းသမား ၁၀၀ ကျော်လည်း ဖမ်းဆီးခံခဲ့ရပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...