ဖားကန့်မြို့နယ်တွင် စစ်ကောင်စီက ဖုန်းအင်တာနက်အစား Mytel Wifi တပ်ဆင်နေ

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီက ဖုန်းအင်တာနက်အစား Mytel Wifi တပ်ဆင်နေ
ဖားကန့် မှော်စီဆာကျေးရွာအုပ်စု ပျံကျရွာ မြင်တွေ့ရသည့် မြင်ကွင်းနေရာ
ဖားကန့် မှော်စီဆာကျေးရွာအုပ်စု ပျံကျရွာ မြင်တွေ့ရသည့် မြင်ကွင်းနေရာ

ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီက Mytel Wifi ကို အခကြေးယူပြီး အလျှင်အမြန်တပ်ဆင်လာကြောင်း သိရသည်။

စစ်ကောင်စီသည် ဖားကန့်တစ်မြို့နယ်လုံးကို ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက် ထားသည့် တစ်နှစ်ကျော်အကြာတွင် ယခုကဲ့သို့ စစ်တပ်ပိုင် Mytel Wifi အင်တာနက် တပ်ဆင်လာခြင်းဖြစ်ပြီး လက်ရှိ ဖားကန့်မြို့ပေါ်နှင့် အချို့ကျေးရွာများထိ တပ်ဆင်မှုပြီးစီးနေပြီဟု ဖားကန့်မြို့ အေးမြသာယာရပ်ကွက်မှ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

''ကြိုး Wifi ဟုတ်တယ် အခုကြိုးတွေဘာတွေတပ်နေပြီ အခုဖားကန့်မြို့ပေါ်မှာတော့ ကြိုးတွေ အကုန်ဆွဲပြီးပြီ။ လိုင်းတွေလည်း အကုန်ရနေပြီတဲ့ ဒါပေမယ့် မရောင်းသေးတာ ကြိုးတွေတော့ နေ့တိုင်းလိုလိုဆွဲနေတာ မနားဘူး'' ဟု ပြောသည်။

အဆိုပါ Mytel Wifi စက်များတွင် ဖုန်းငါးလုံးအထိအသုံးပြုနိုင်မည့် 5mbs သာပါရှိမည်ဖြစ်ပြီး တစ်လလျှင် ကျပ် ၂၈၀၀၀ နှုန်းဖြင့် ကောက်ခံသွားမည်ဟု သိရသည်။

စစ်ကောင်စီသည် ဖားကန့်မြို့နယ်ကို ဖုန်းအင်တာနက်လိုင်းဖြတ်တောက်ပြီး Mytel Wifi အင်တာနက် အလျှင်အမြန် တပ်ဆင်လာနေခြင်းသည် စစ်တပ်၏ အကျိုးစီးပွားအတွက် အသုံးချနေခြင်းသာ ဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။

ဖားကန့်တစ်မြို့နယ်လုံးကို လွန်ခဲ့သည့် ၂၀၂၁ သြဂုတ်လကတည်းက ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ခြင်းဖြစ်ပြီး အင်တာနက်အသုံးပြုလိုသည့် ဒေသခံများမှာ IP Star တပ်ဆင်ထားသည့် အင်တာနက်ဆိုင်များတွင် တစ်နာရီကျပ် ၅၀၀၀ နှင့်ကျပ် ၁၀၀၀၀ ကြားပေး၍အသုံးပြုနေရသည်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...