တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်စဉ်အတွင်း လူနေအိမ် ၄ လုံးမီးလောင်ပျက်စီးခဲ့

တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်စဉ်အတွင်း လူနေအိမ် ၄ လုံးမီးလောင်ပျက်စီးခဲ့

ကော့ကရိတ်မြောက်ပိုင်း တနေမူး(ခနိမ်းမူ)ကျေးရွာတွင်‌‌ ဒေသခံ‌တော်လှန်‌‌ရေး ပူးပေါင်း တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်အတွင်း လူနေ‌အိမ် ၄ လုံး လက်နက်ကြီးကျည်ထိမှန်၍ မီးလောက်ပျက်စီးသွားကြောင်း ဒေသခံ ရွာသူ၊ ရွာသားများက ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၁ရက်နေ့တွင် ဒေသခံကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်များ ကော့ကရိတ်တောင်ပိုင်း ကမိုင်ကုန်းကျေးရွာနှင့် ကော့ကရိတ်မြောက်ပိုင်း ကော့ကရိတ်-မြဝတီလမ်းဟောင်းအနီး တနေမူး‌ကျေးရွာ၊ အကြူကုန်းကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ လူနေအိမ် ၄ လုံးကို ထိမှန်ပြီး မီးလောင်ပျက်စီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကြောင်လျှာကုန်းဒေသခံတစ်ဦးက”နေ့လည်လောက်မှာတိုက်ပွဲဖြစ်တယ် ။ တိုက်ပွဲဖြစ်တော့စစ်ကောင်စီက မြို့တွင်းကနေလက်နက်ကြီးတွေ လှမ်းထုတာ အဆက်မပြတ်ဘဲ၊ အကြူကုန်းကျေးရွာမှာလက်နက်ကြီးထိလို့ နေအိမ်‌ လေးလုံးမီးလောင် ပျက်စီးသွားတယ်။ နွားတစ်ကောင်ပါ သေသွားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်တောင်ပိုင်း ကမိုင်ကုန်းကျေးရွာဘက်တွင်လည်း တက်လာသည့် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၅ ဦးထက်မနည်းကျဆုံးခဲ့သည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ နှင့်နီးစပ်သူများက ပြောသည်။

ပြီးခဲ့သည့်ရက် နိုဝင်ဘာလ ၁ရက်နေ့တွင်လည်း ကော့ကရိတ်မြို့ပတ်ပတ်လည် တော်လှန်ရေး အင်အားစုများ တပ်ချထားသောနေရာတွင် စစ်ကောင်စီတပ်၏အင်အားသုံး ထိုးစစ်ဆင်လာမှုကြောင့် တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးအင်အားစုဘက်မှ တစ်ဦးကျဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီဘက်တွင်လည်း ထိခိုက်ကျဆုံးမှုရှိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...