MOU စနစ်ဖြင့် ထိုင်းသို့ သွားရောက်သူများ စာချုပ်ပါအတိုင်း အလုပ်မရဖြစ်နေ

MOU စနစ်ဖြင့် ထိုင်းသို့ သွားရောက်သူများ စာချုပ်ပါအတိုင်း အလုပ်မရဖြစ်နေ
ယခုလအတွင်း MOU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ စေလွှတ်ခဲ့သည့် ပြည်တွင်း အလုပ်သမားအချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ- CJ
ယခုလအတွင်း MOU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ စေလွှတ်ခဲ့သည့် ပြည်တွင်း အလုပ်သမားအချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ- CJ

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားဝင်သဘောတူစာချုပ်(MOU) စနစ်ဖြင့် သွားရောက်လုပ်ကိုင်သူများမှာ စာချုပ်ပါအတိုင်း အလုပ်များမရရှိသည့်အပြင် ပြည်တွင်းအေဂျင်စီအချို့မှာ တာဝန်ယူဖြေရှင်းမှု မရှိခြင်းတို့ကြောင့် အခက်အခဲကြုံတွေ့နေရကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားအရေး လုပ်ဆောင်နေသူများထံမှ သိရသည်။

အောက်တိုဘာအတွင်း ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် သွားရောက်ခဲ့သူ (၉၀၀၀)နီးပါးရှိခဲ့ပြီး လက်ရှိတွင် တာဝန်ယူခဲ့သည့် အေဂျင်စီဖြင့် ချုပ်ဆိုခဲ့သည့် စာချုပ်ပါအတိုင်း အလုပ်အကိုင်မရရှိသူ (၅၀၀)ဝန်းကျင်အထိ ရှိနေကြောင်း မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်သူတစ်ဦးက ပြောသည်။

“အလုပ်ခွင်ဝင်တဲ့ အချိန်မှာ ပြဿနာစတက်တာ။ အေဂျင်စီတွေနဲ့ စာချုပ်ထားတာက အလုပ်တမျိုး။ တကယ်တမ်းလုပ်ရတဲ့ဟာက တမျိုးဖြစ်နေတယ်။ တချို့ဆို အခုထိ အလုပ်အဆင်မပြေတဲ့အတွက် ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေတဲ့သူတွေနဲ့ ချိတ်ဆက်တာ ၅၀၀ ဝန်းကျင်အထိ ရှိနေပါတယ်”ဟု ၎င်းကပြောသည်။

ယင်းသို့ စာချုပ်ပါအတိုင်း အလုပ်အကိုင်မရရှိသည့်အတွက် အလုပ်သမားများမှ သက်ဆိုင်ရာ ပြည်တွင်းအလုပ်အကိုင် အေဂျင်စီများထံသို့ အကြောင်းကြား ဆက်သွယ်သော်လည်း တာဝန်ယူဖြေရှင်းခြင်း မရှိကြောင်းလည်း အလုပ်သမားများကပြောသည်။

“စာချုပ်ချုပ်ထားတုန်းကအတိုင်း အလုပ်မဟုတ်တဲ့အတွက် အေဂျင်စီတွေဆီ ဆက်သွယ်လိုက်တာ အေဂျင့်က မျက်နှာလွဲခဲပစ် ပုံစံမျိုးဖြစ်နေတယ်။ ကျွန်တော် စာချူပ်ခဲ့တဲ့ အေဂျင်စီဆိုရင် ဖုန်းဆက်သွယ်လိုက်တိုင်း တာဝန်ယူ ဖြေရှင်းနေပါတယ်ပဲ ပြောနေတာ။ အခုအထိ ဘာမှမဖြစ်လာလို့ အလုပ်ထွက်လိုက်ရတယ်။ အခြားအလုပ် ထပ်ရှာနေရတာကလည်း အဆင်မပြေဘူး”ဟု နစ်နာခဲ့သူ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်ရရှိရန်ချိတ်ဆက်ပေးသည့် အေဂျင်စီ(၄)ခုထက်မနည်းမှာ ထိုသို့ စာချုပ်ပါအတိုင်း အလုပ်မရရှိသည့်အပေါ် ဖြေရှင်းပေးရန် ပျက်ကွက်နေခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

“ဒီလထဲမှာကို အေဂျင်စီနဲ့ စာချုပ် ချုပ်ဆိုသူကြား ပြဿနာတက်နေတာ လေးမှုရှိပြီ။ အေဂျင်စီ လေးခုနဲ့ကို ဖြစ်နေတာ။ အခုထိကို မဖြေရှင်းပေးနိုင်တော့ ကြာရင် အလုပ်သမားတွေပဲ နစ်နာတယ်။ အလုပ်သမားတွေ အနေနဲ့လည်း သံရုံးအပါအဝင် အလုပ်သမားအရေး ဖြေရှင်းတဲ့အဖွဲ့တွေကို အသိပေးဆက်သွယ်ကြပါလို့ ပြောချင်ပါတယ်”ဟု ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။

လက်ရှိ ပြည်တွင်း၌ MOU စနစ်ဖြင့် ထိုင်း၊ စင်ကာပူ၊ စင်္ကာပူ၊ ကိုရီးယားနှင့် ဂျပန် စသည့်နိုင်ငံများသို့ ချိတ်ဆက်ထားသည့် လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီ (၄၀)ကျော်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်စာရင်းများအရ သိရသည်။

ပုံစာ - ယခုလအတွင်း MOU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ စေလွှတ်ခဲ့သည့် ပြည်တွင်း အလုပ်သမားအချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ- CJ

AA သိမ်းပိုက်ပြီးနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk
June 3, 2026
စစ်အုပ်စုသည် ရခိုင်ပြည် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်...
၂၀၂၅၊ ဩဂုတ်လအတွင်း မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။ ဓာတ်ပုံ - DMG
June 1, 2026
ရခိုင်ပြည်အတွင်း အာဏာသိမ်းစစ်တပ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများကို လေကြောင်းနှင့်...
မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...