စစ်အုပ်စုထောက်ခံသူတွေ ဖမ်းခိုင်းတာကြောင့် ကျိုက်ထိုမြို့နယ်ထဲက ဒေသခံ ၁၀ ဦး ထက်မနည်း ဖမ်းဆီးခံထားရ

စစ်အုပ်စုထောက်ခံသူတွေ ဖမ်းခိုင်းတာကြောင့် ကျိုက်ထိုမြို့နယ်ထဲက ဒေသခံ ၁၀ ဦး ထက်မနည်း ဖမ်းဆီးခံထားရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ တတိယအပတ်ကစပြီး စစ်အုပ်စု ထောက် ခံသူတွေရဲ့ တယ်လီဂရမ်အကောင့်တွေကနေ ဖမ်းဆီးခိုင်းနေတာကြောင့် ဒေသခံ ၁၀ ဦး ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်အုပ်စုထောက်ခံသူဟာ သူတို့ရဲ့ တယ်လီဂရမ်အကောင့်တွေမှာ စစ်ကောင်စီကို ဆန့်ကျင်သူတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုထောက်ခံသူတွေနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူတွေ၊ PDF နဲ့ ပတ်သက်တယ်ဆိုပြီး ပို့စ်တင်ကာ ဖမ်းဆီးခိုင်းနေတာပါ။

စစ်အုပ်စု ထောက်ခံသူတွေ ဖမ်းဆီးခိုင်းတာကြောင့် ကျိုက်ထိုမြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ ကံကော်ရပ်ကွက်က ဒေါ်နုနုရီ၊ ဒေါ်မိုးမိုးရီ၊ ဖက္ကလိပ်ရပ်ကွက်က ကိုကျော်ဇင်လတ်၊ သိမ်ဇရပ်မြို့ အကွက်(၄)ရပ်ကွက်က ကိုရှိုင်းအောင်ထန်နဲ့ မမြင့်မာတို့အပါအဝင် စုစုပေါင်း ၁၀ ဦးထက်မနည်းကို ဖမ်းဆီးခံထားရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ လုပ်ငန်းရှင်တွေ၊ NLD ပါတီထောက်ခံသူတွေ၊ မည်သည့်အဖွဲ့နဲ့မှ ပတ်သက်တာမရှိတဲ့ ဒေသခံတွေ ပါဝင်နေပြီး တချို့ဖမ်းဆီးခံရတဲ့သူတွေဆိုရင် ပုဂ္ဂိုလ်ရေး မကျေနပ်ချက်တွေကြောင့် သတင်းအမှားပေး ဖမ်းဆီးခံရသူတွေလည်း ပါဝင်နေပါတယ်။

ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ငွေကြေး အဆမတန် တောင်းခံတာတွေ ရှိနေပြီး တချို့ကိုတော့ ပုဒ်မအမျိုးမျိုးတပ်ပြီး အမှုဖွင့်ထားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ကျိုက်ထိုမြို့နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စီးပွားရေးလုပ်ငန်းတွေ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူ ၁၀၀ ထက်မနည်း ဖမ်းဆီးခံထားရပြီး အများစုကိုတော့ စစ်ကောင်စီက ထောင်ဒဏ်ပြစ်ဒဏ်အသီးသီး ချမှတ်ထားပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူ ၁၆၀၀၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...