ရခိုင်က စစ်ရှောင်အမျိုးသမီးများအတွက် သန္ဓေတားဆေးနှင့် လစဉ်သုံးပစ္စည်းများ လိုအပ်နေ

ရခိုင်က စစ်ရှောင်အမျိုးသမီးများအတွက် သန္ဓေတားဆေးနှင့် လစဉ်သုံးပစ္စည်းများ လိုအပ်နေ

ရခိုင်က စစ်ဘေးရှောင်စခန်းများတွင်နေထိုင်နေရသည့် အမျိုးသမီးများအတွက် သန္ဓေတားဆေးနှင့် အမျိုးသမီး လစဉ်သုံးပစ္စည်းများ လိုအပ်လျက်ရှိနေကြောင်း သိရသည်။

ထိုသို့ အမျိုးသမီးများအတွက်လိုအပ်သည့် ပစ္စည်းများကို လာရောက်ထောက်ပံ့မှုများမှာ လက်ရှိတွင် နည်းပါးလျက်ရှိနေသည်ဟု စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးများကပြောသည်။

သန္ဓေတားဆေးနှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများကို ပြင်ပမှ ဝယ်ယူသုံးစွဲနေကြရသည်ဟု ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ မရွှေဥမေက DMG သို့ပြောသည်။

“အမျိုးသမီးလစဉ်သုံးပစ္စည်းက တကယ်လိုတယ်၊ အဲဒါက တကယ့်ကို အရေးတကြီးလိုအပ်တယ်။ ဝယ်တော့လည်း တစ်ထုပ်ကို ငါးရာ၊ တစ်ထောင်ဝန်းကျင်လောက် ပေးရတယ်လေ။ ကိုယ်ဝန်တားဆေး ထိုးတာမှာလည်း အခက်အခဲရှိတာပေါ့၊ ပိုက်ဆံက နှစ်ထောင်လောက်ပဲကျတာဆိုတော့ ပိုက်ဆံရှာလို့တော့ ထိုးရတာပေါ့”ဟု ၎င်းကဆိုသည်။

စစ်ဘေးရှောင်များမှာ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် ဝင်ငွေရရှိမှုနည်းပါးနေချိန်တွင် ယခုကဲသို့ အမျိုးသမီးသုံး ပစ္စည်းများကို ကျန်းမာရေးအတွက် မဖြစ်မနေဝယ်ယူနေကြရသဖြင့် ငွေကြေးကုန်ကျနေရကြောင်းလည်း ပြောဆိုကြသည်။

ယခင်က နယ်စည်းမခြားဆရာဝန်များအဖွဲ့မှ စစ်ဘေးရှောင်စခန်းများတွင် လာရောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့သော်လည်း လက်ရှိတွင် NGO/INGO များကို ရခိုင်ပြည်က မြို့နယ် ၆ မြို့နယ်သို့ ခရီးသွားလာခွင့်ကို ပြည်နယ်စစ်ကောင်စီမှ ပိတ်ပင်ထားသည်။ ထို့ကြောင့် စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးများအတွက် ကျန်းမာရေးစောင့်ရှောက်မှု မရရှိတော့ခြင်းဖြစ်ကြောင်း သိရသည်။

“နယ်စည်းမခြားဆရာဝန်များအဖွဲ့က မရောက်တာတော့ နှစ်လ၊ သုံးလလောက်ရှိနေပြီ။ အဲတော့ ဆေးခန်းတွေက နာစ့်တွေဆီမှာ သွားထိုးနေကြရပါတယ်”ဟု ရသေ့တောင်မြို့နယ်၊ စေတီပြင်စစ်ဘေးရှောင်စခန်းမှ မရီရီနွယ်ကပြောသည်။

စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးများအတွက် သန္ဓေတားဆေးရရှိမှု အားနည်းလာခြင်းကြောင့် မမျှော်လင့်ဘဲ ကိုယ်ဝန်ရရှိခြင်းများလည်း ရှိနေကြောင်း စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးအချို့ကပြောသည်။

ရခိုင်နှင့် ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တကျော့ပြန်တိုက်ပွဲများကြောင့် ပြီးခဲ့သည့်ဩဂုတ်လမှ အောက်တိုဘာလ ၁၁ ရက်နေ့အထိ စစ်ဘေးရှောင် ၁၆၀၀၀ တိုးလာခဲ့ပြီး ယခင် စစ်ဘေးရှောင်ဦးရေနှင့်ပေါင်းပါက စစ်ဘေးရှောင်ဦးရေစုစုပေါင်း ၉၀၀၀၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း ကုလသမ္မဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA)က အောက်တိုဘာလ ၁၉ ရက်နေ့ ထုတ်ပြန်ထားသည်။ စစ်ဘေးရှောင်များ၏ ၇၀ ရာခိုင်နှုန်းမှာ ကလေးသူငယ်များနှင့် အမျိုးသမီးများ ဖြစ်ကြကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများက ပြောဆိုကြသည်။

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...