KNLA ပူးပေါင်းတပ်ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး CDM ပြုလုပ်လာ

KNLA ပူးပေါင်းတပ်ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး CDM ပြုလုပ်လာ

စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဘက်က တပ်ဖွဲ့ဝင်(၅) ဦးဟာ KNLA တပ်မဟာ(၆)ပူးပေါင်းတပ်ဖွဲ့ထံ လာရောက်ပြီး CDM ပြုလုပ်ခဲ့တယ်လို့ နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ ဝင်ရောက်ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီရဲ့ ခမရ(၃၅၈)က တပ်သား(၃)ဦး၊ ခမရ(၄၃၂)က တစ်သား(၁)ဦးနဲ့ ခလရ(၂၈၄)က တပ်သား(၁)ဦးတို့ဟာ အောက်တိုဘာ(၂၉)ရက်နေ့ မနက်အစောပိုင်းက KNLA တပ် ရင်း(၁၇)နဲ့ နဂါးနီစစ်ကြောင်းထံ CDM လာရောက်ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလို CDM လာရောက်ပြုလုပ်တဲ့ စစ်ကောင်စီတပ်သား(၅)ဦးကို နဂါးနီစစ်ကြောင်း တပ်ခွဲ(၂)က တစ်ဦးကို ထောက်ပံ့ငွေ ကျပ်(၅၀၀၀၀)နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ နဂါးနီစစ် ကြောင်း တာဝန်ရှိသူတွေက အသုံးအဆောင်ပစ္စည်းတွေ၊ အဝတ်အစားတွေ ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

KNLA ပူးပေါင်းတပ်ဖွဲ့ထံ CDM ပြုလုပ်ပြီး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား(၅)ဦးဟာ လက်နက်တွေမပါရှိဘဲ ပြီးခဲ့တဲ့အောက်တိုဘာ(၁၅)ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့နယ် တဂေးကျေးရွာအနီးမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းက ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ထဲက တချို့ပါဝင်တယ်လို့ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ထံ လက်နက်ချ အလင်းဝင်ရောက်လာတာ၊ CDM ပြုလုပ်ပြီး ဝင်ရောက်လာတာနဲ့ တိုက်ပွဲတွေအတွင်းက ဖမ်းဆီးရမိတဲ့ စစ်ကောင်စီသုံ့ပန်းတွေကို သုံ့ပန်းစည်းမျဉ်းစည်းကမ်းဥပေဒအရ ကောင်းမွန်စွာစောင့်ရှောက် ထိန်းသိမ်းထားတယ်လို့ KNU တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၈၀၀၀ နီးပါး CDM ပြုလုပ်ထားကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးဂရ NUG က ထုတ်ပြန်ထားပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...