မိုးမောက်တွင် လက်နက်ကြီးကြောင့် အရပ်သား ၅ ဦး ဒဏ်ရာရ

မိုးမောက်တွင် လက်နက်ကြီးကြောင့် အရပ်သား ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်တွင် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် တစ်ရက်အတွင်းအမျိုး သမီးနှစ်ဦးအပါအဝင် အရပ်သားပြည်သူ ၅ ဦး အထိ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများနှင့် ကူညီဆောင် ရွက်ပေးနေသူများ က ပြောသည်။

မိုးမောက်မြို့တွင် လက်နက်ကြီးကျရောက်မှုကြောင့် မြို့ခံပြည်သူ နှစ်ဦးမှာ အပြင်းစားဒဏ်ရာများ ရရှိခဲ့ပြီး ကျန် သုံးဦးမှာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်ဟု မိုးမောက်မြို့ သေခံများက ပြောသည်။

မြို့ခံ လူမှုကူညီမှုအသင်း၏ တာဝန်ရှိသူတစ်ဦးက “စစ်ဘေးရှောင်တွေ ရှိတဲ့နေရာကို လက်နက်ကြီး ထပ်မကျ ရင်တော့ လုံခြုံတယ်။ ထပ်ကျရင်တော့ မလုံခြုံဘူး။ ကျနော်တို့ အဲတာပဲ ကြောက်တာ။

မြို့ပေါ်မှာ (လက်နက် ကြီး) ကျတာတော့ မရှိဘူး။ ဘယ်ကမှန်းမသိ ကျလာ တာတွေပဲ ကြောက်ရတာ။ လုံဂျာတောင်မှာတော့ အကြီး အကျယ် လေယာဉ်နဲ့ နေ့တိုင်းချနေတာ” ဟု ပြောသည်။

မိုးမောက်မြို့နှင့် ၃ မိုင်ခန့်အကွာက လုံဂျာတောင် ဆိုသည့်နေရာတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့ အကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေပြီး ထိုဖြစ်စဉ်အတွင်း ပစ်ခတ်မှုများကြောင့် ထိခိုက် ဒဏ်ရာရသူများ ထပ်မံတိုးလာနိုင်သည်ဟု မြို့ခံနာရေးကူညီမှုအသင်း၏ တာဝန်ရှိသူများက ပြောသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်အချိန်ခန့်တွင် မိုးမောက်မြို့နှင့် အနီးတစ်ဝိုက် (ခန္ဓာရပ် ကွက်) တွင် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက “ဒဏ်ရာကတော့ ပေါင်မှာထိထားတာ ပေါ့။ ပေါင်မှာထိပြီး ဆီးကြောပြတ်သွားတဲ့ အခါကျတော့ သွေးတော့တော်တော်ထွက်တာပေါ့။ ခုချိန်အထိ သွေးရှာသွင်းနေရတုန်းပဲ” ဟု ပြောသည်။

အလားတူ မိုးမောက်မြို့၊ မံပုံအောက်ချိုင့်ကျေးရွာတွင် ယမန်နေ့ ည ၈ နာရီ ၄၀ မိနစ် အချိန်ခန့်တွင် လက်နက် ကြီး ထပ်မံကျရောက်ခဲ့သည့်အတွက် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ သည်ဟု ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။ ယခု လက်နက်ကြီး ပစ်ခတ်မှုများမှာ စစ်ကောင်စီ ဘက်က ပစ်ခတ်မှုဖြစ်သည်ဟု စစ်ဘေးရှောင်ပြည်သူများနှင့် ဒေသခံများက ပြောသည်။

မြို့ခံ လူမှုကူညီမှုအသင်း တာဝန်ရှိသူတစ်ဦးက “ညပိုင်း ဖြစ်တာကျတော့ သူက လက်ဖျံရိုးကျိုးပြီး ကောက် ထွက် သွားတာ။ ခွဲခန်းထဲ ဘယ်ချိန်ဝင်မလဲ မသိသေးဘူး” ဟု ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသွားသည့် အမျိုးသမီး ၂ ဦးအား မြို့ခံလူမှုကူညီမှုအသင်းမှ သွားရောက်ကယ်ဆယ်ခဲ့ရပြီး ရှေးဦးသူနာပြုစုခြင်းများ ဆောင်ရွက်ပေးကာ မိုးမောက်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ထိုမှတဆင့် ဗန်းမော် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားရသည်ဟု တာဝန်ရှိသူများက ပြောသည်။

ထို့အပြင် မိုးမောက်မြို့အတွင်းက နှစ်ဖက်ပစ်ခတ်မှုကြောင့် အဆိုပါ အမျိုးသမီးနှစ်ဦးအပြင် လက်မောင်းနှင့် လက်ဖျံအစိတ်အပိုင်းများတွင် ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးအထိရှိပြီး ယမန်နေ့တစ်ရက်အတွင်း ထိခိုက်မှုရှိသူ ၅ ဦးအထိ ရှိခဲ့ခြင်း ဖြစ်သည်။

မိုးမောက်မြို့နှင့် အနီးတစ်ဝိုက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများ၊ တိုက်ပွဲများနှင့် အကြောင်းမဲ့ အမြောက် တပ်မှ ပစ်ခတ်နေမှုများကြောင့် မြို့ခံပြည်သူများမှာ မိုးမောက်မြို့ပေါ်က ဘုန်းတော်ကြီးကျောင်းများတွင် စစ် ရှောင်နေရသည်မှာ တစ်ပတ်ကျောက်ရှိပြီဟု ဒေသတွင်းရှိ စစ်ရှောင်များအား ကူညီပေးနေသူများက ပြောသည်။

သို့သော်လည်း ထိုနေရာများမှာ ရာနှုန်းပြည့် လုံခြုံမှုမရှိသောကြောင့် စစ်ဘေးရှောင်ပြည်သူများမှာ နေ့စဉ် စိုးရမ် ထိတ်လန့်စွာ နေနေကြရသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...