ထားဝယ်အရှေ့တောဒေသကို ဆန်သယ်ယူခွင့် စစ်ကောင်စီ ကန့်သတ်လာ

ထားဝယ်အရှေ့တောဒေသကို ဆန်သယ်ယူခွင့် စစ်ကောင်စီ ကန့်သတ်လာ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသရှိ ကျေးရွာတွေကို စစ်ကောင်စီက ဆန်သယ်ယူခွင့် ကန့်သတ်လာတာကြောင့် မကြာမီကာလအတွင်း ဆန်ပြတ်လပ်မှုနဲ့ ကြုံလာနိုင်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းပိုင်းကစပြီး ထားဝယ်အရှေ့တောဒေသဘက်ကို ဆန်သယ်ယူခွင့် ကန့်သတ်လာတာ ဖြစ်ပါတယ်။

ဆန်သယ်ယူလာတဲ့ ကုန်တင်ကားတွေကိုလည်း စစ်ကောင်စီ ပကာရီနဲ့ ဗျောတောဝစစ်ဆေးရေး ဂိတ်တွေမှာ ဖမ်းဆီးစစ်ဆေးပြီးနောက် ဆန်တွေကို သိမ်းယူတာတွေ လုပ်ဆောင်နေပါတယ်။

စစ်ကောင်စီဘက်က ဆန်သယ်ယူခွင့် ကန့်သတ်ခံရတာကြောင့် ဒေသအတွင်း ဆန်ဈေးနှုန်း အဆမတန် မြင့်တက်လာသလို မကြာမီကာလအတွင်း ဆန်ပြတ်လပ်မှုနဲ့ ရင်ဆိုင်လာရနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တဖက်မှာတော့ စစ်ကောင်စီတပ်တွေဟာ ထားဝယ်အရှေ့တောဒေသကို ရိက္ခာဖြတ်တောက်ပြီးနောက် တပ်အင်အား တိုးချဲ့တာနဲ့ စစ်ရေး ပြင်ဆင်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

စစ်ကောင်စီဘက်က ရိက္ခာဖြတ်တောက်ပြီး စစ်ရေး ပြင်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်တယ်လို့ ထားဝယ်အရှေ့တော PDF တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထားဝယ်အရှေ့တောဒေသမှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ် တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ကျူးလွန်နေပါတယ်။

ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...