မလေးရှားအာဏာပိုင်များ ဖမ်းဆီးခဲ့သည့် ARRC ရုံးအဖွဲ့ဝင်များအပါအဝင် ၁၈ ဦး ပြန်လွတ်၊ အမျိုးသမီးတစ်ဦး ဆက်လက်အဖမ်းခံထားရဆဲ

မလေးရှားအာဏာပိုင်များ ဖမ်းဆီးခဲ့သည့် ARRC ရုံးအဖွဲ့ဝင်များအပါအဝင် ၁၈ ဦး ပြန်လွတ်၊ အမျိုးသမီးတစ်ဦး ဆက်လက်အဖမ်းခံထားရဆဲ
မလေးရှားနိုင်ငံ တစ်နေရာကိုတွေ့ရစဉ်။ ဓာတ်ပုံ - Reuters
မလေးရှားနိုင်ငံ တစ်နေရာကိုတွေ့ရစဉ်။ ဓာတ်ပုံ - Reuters

မလေးရှားအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့သည့် ရခိုင်လူမှုကယ်ဆယ်ရေးအဖွဲ့(ARRC)ရုံးမှ အဖွဲ့ဝင်များ အပါအဝင် ရခိုင်အလုပ်သမား ၁၈ ဦးကို အာဏာပိုင်များက ပြန်လွှတ်လိုက်ပြီဖြစ်သော်လည်း အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးခံရသူများထဲမှ UN ကဒ်ရှိသူ ၁၁ ဦးကို အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဒုံဝမ်ရဲစခန်းမှ ပြန်လွှတ်ပေးလိုက်ပြီး ကျန် ၇ ဦးကို အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကွာလာလမ်ပူတရားရုံးမှ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ARRC ရုံးအဖွဲ့ဝင် ကိုသန်းဝင်းကပြောသည်။

“UN အဖွဲ့ကနေပြီးတော့ ရဲတွေဆီသွားတွေ့ပြီး UN ကဒ်တွေ ရှိတဲ့လူတွေကို အထောက်အထားနဲ့ သွားတင်ပြပေးတဲ့အတွက် လွတ်လာတာပါ။ ကဒ်မရှိတဲ့သူတွေကျတော့ တရားရုံးကို အတင်ခံလိုက်ရတဲ့အတွက်  UN ရုံးကလူတွေကလည်း တရားရုံးထိလိုက်ပြီး သက်သေလိုက်ပေးတာကြောင့် လွတ်လာကြတာပါ။ ဒါကြောင့် လွတ်လာတဲ့နေရာချင်းတော့ မတူဘူး။ အဓိကတော့ UN အဖွဲ့ရဲ့ အကူအညီတွေကြောင့်ပါ”ဟု ၄င်းကပြောသည်။

လက်ရှိ ဖမ်းဆီးခံထားရဆဲဖြစ်သည့် အမျိုးသမီးငယ်မှာ UN ကဒ်မရှိသည့်အတွက် ပြန်မလွတ်သေးခြင်းဟု ကိုသန်းဝင်းက ဆက်ပြောသည်။

“အကုန်လုံးကို လွတ်အောင်မထုတ်နိုင်ခဲ့တာကိုတော့ စိတ်မကောင်းဘူး။ ကျန်ခဲ့တဲ့ မိန်းကလေးက UN ကဒ်လုပ်ဖို့အတွက် စာရွက်စာတမ်းတွေစောင့်နေတုန်း အဖမ်းခံလိုက်ရတာ။ အခုတော့ သူ့အတွက် UN ကဒ် ရဖို့အတွက် UN ရုံးကိုလည်း ဖုန်းဆက်ထားပါတယ်။ သူလည်း နောက် ၁၁ ရက်လောက်ဆို လွတ်လာမှာပါ။ ကျနော်တို့ဖက်ကတော့ ကျန်ခဲ့တဲ့မိန်းကလေးကို ရဲစခန်းမှာထားရင် ရဲစခန်းကိုသွားတွေ့မယ်၊ ထောင်မှာထားရင် ထောင်ကိုသွားတွေ့ပါမယ်”ဟု ကိုသန်းဝင်းကပြောသည်။

လက်ရှိတွင် ARRC ရုံး အဖွဲ့ဝင်များအားလုံး ပြန်လွတ်လာပြီဖြစ်သော်လည်း အဖွဲ့ဝင်များမှာ အချုပ်ထဲ၌ရှိခဲ့စဉ်က စိတ်ပင်ပန်း၊ လူပင်ပန်းမှုများ ရှိခဲ့သောကြောင့် ရုံးကိုပြန်မဖွင့်သေးဘဲ ယာယီရပ်တန့်ထားမည်ဖြစ်ကြောင်းလည်း ၄င်းကဆိုသည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ၊ ပူဒူးမြို့ရှိ ရခိုင်လူမှုကယ်ဆယ်ရေးအဖွဲ့(ARRC)ရုံးကို အောက်တိုဘာလ ၁၂ ရက်နေ့က အရပ်ဝတ် ဝတ်ဆင်ထားသည့် မလေးရှားရဲတပ်ဖွဲ့ဝင် ၇ ဦးက စီးနင်းဝင်ရောက်ကာ ရုံးအဖွဲ့အဝင်များနှင့် ARRC ကဒ် လာလျှောက်သည့် ရခိုင်အလုပ်သမားများအပါအဝင် စုစုပေါင်း ၁၉ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...