Non CDM ဝန်ထမ်းတွေကို ခွင့်မပေးဘဲ စစ်ကောင်စီ ထိန်းချုပ်

Non CDM ဝန်ထမ်းတွေကို ခွင့်မပေးဘဲ စစ်ကောင်စီ ထိန်းချုပ်

နိုင်ငံဒေသတော်တော်များများမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာနေချိန်မှာ Non CDM ဝန်ထမ်းတွေကို ဘယ်အကြောင်းကြောင့်နဲ့မှ နေရပ်ပြန်ခွင့်မပေးဘဲ ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

လတ်တလော ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြားထိတွေ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ကျိုက်ထို၊ ရေး၊ ဘီးလင်း၊ သထုံမြို့နယ်တွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အစိုးရဝန်ထမ်းတွေကို ဘယ်လိုအကြောင်း အရင်းနဲ့မျှ နေရပ်ပြန်ခွင့်မပေးကြဖို့ကို စစ်ကောင်စီက အခုလ တတိယအပတ်ထဲမှာ ညွှန်ကြားလာတာပါ။

ဒီလိုညွှန်ကြားတာဟာ တော်လှန်ရေး အင်အားစုတွေဘက်က မြို့သိမ်းတိုက်ပွဲဖော်ဆောင်လာမှာကို စိုးရိမ်ပြီး ဝန်ထမ်းတွေကို ဓားစားခံသဖွယ်အသုံးချတာဖြစ်တယ်လို့ ရေးမြို့နယ်မှ Non CDM ဝန်ထမ်းတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီလိုအခြေအနေတွေကြောင့် အစိုးရဝန်ထမ်းအဖြစ်ကနေ နုတ်ထွက်နေချင်ကြသူများ ရှိနေသလို တချို့ကတော့ နုတ်ထွက်စာတင်ထားပေမယ့် စစ်ကောင်စီဘက်က အကြောင်းအမျိုးမျိုးပြပြီး နုတ်ထွက်ခွင့် မပြုကြဘူးလို့ ဘီးလင်းမြို့နယ်မှ Non CDM ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ မွန်ပြည်နယ်မှာ ကျိုက်ထို၊ ရေး၊ ဘီးလင်း၊ သထုံ အပါအဝင် ကရင်ပြည်နယ်မှာလည်း တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်ပွားနေတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ရက်နေ့ကလည်း ကော့ကရိတ်မြို့တွင်းမှာ KNLA တပ်မဟာ (၆) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု ကြောင့် အရပ်သားလေးဦးသေဆုံးခဲ့ပြီး ၂၁ဦး ဒဏ်ရာရရှိထားပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ပညာရေး၊ ကျန်းမာရေးစတဲ့ ဝန်ကြီးဌာနတွေက ဝန်ထမ်းတွေအပါအဝင် ဌာနပေါင်းစုံက ထောင်ပေါင်းများစွာသော ဝန်ထမ်းတွေဟာ အကြမ်းမဖက်အာဏာဖီဆန်မှု CDM ပြုလုပ်ခဲ့ကြပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနကလက်အောက် စစ်တပ်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်က ရဲဝန်ထမ်းတွေဟာလည်း CDM လှုပ်ရှားမှုမှာပါ ဝင်လာကြပြီး ရဲနဲ့စစ်သား CDM ပြုလုပ်သူပေါင်း ၈,၀၀၀ ခန့်ရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...