ကျိုက်ထိုမြို့နယ်က စစ်ရှောင်တွေ ငှက်ဖျားနဲ့ ဝမ်းရောဂါတွေ ဖြစ်ပွားနေ

ကျိုက်ထိုမြို့နယ်က စစ်ရှောင်တွေ ငှက်ဖျားနဲ့ ဝမ်းရောဂါတွေ ဖြစ်ပွားနေ

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ကျိုက်ထိုမြို့နယ်ထဲက စစ်ရှောင်ပြည်သူများငှက်ဖျားနဲ့ ဝမ်းရောဂါတွေ ဖြစ်ပွားနေတယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျိုက်ထိုမြို့နယ်ထဲကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က အင်အား အလုံး အရင်းနဲ့ ထိုးစစ် ဝင်ရောက်လာပြီးနောက် ကျေးရွာတွေထဲ လက်နက်ကြီး ပစ်ခတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာကြောင့် ဒေသခံ ၈၀၀၀ ကျော်ဟာ နီးစပ်ရာ တောတောင်တွေမှာ ပုန်းခိုနေထိုင်နေရတာပါ။

စစ်ရှောင်ပြည်သူတွေဟာ သောက်သုံးရေ မသန့်ရှင်းတာ၊ အိမ်သာ မရှိတာ၊ စောင်ခြင်ထောင် မလုံ လောက်တာ၊ ရာသီဥတု ဆိုးဝါးနေတဲ့အတွက် ငှက်ဖျားနဲ့ ဝမ်းရောဂါ ဖြစ်ပွားနေသူ ၆၀ ထက်မနည်း ရှိလာခဲ့တယ်လို့ KNU သထုံခရိုင်မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ပြောပါတယ်။

"ရာသီဥတုက အေးတဲ့ အချိန်မှာ ဆိုတော့ သူတို့တွေ ငှက်ဖျားတို့၊ ဝမ်းရောဂါတို့ ဖြစ်ကြတာပေါ့။ နေရာ အပြောင်းအရွှေ့ကြောင့် အစားအသောက်တွေရော ရေကအစအခက်ခဲဖြစ်လာတော့ ကလေးတွေမှာ ဝမ်းလျှော ဝမ်းပျက်နဲ့ ငှက်ဖျားရောဂါက အစဖြစ်လာကြတယ်" လို့ ပြောပါတယ်။

ရောဂါဖြစ်ပွားနေတဲ့ စစ်ရှောင်ပြည်သူတွေကို KNU သထုံခရိုင်လက်အောက်ရှိ ဆေးဝန်ထမ်းတွေကနေ နေရာအလိုက် လိုက်လံကုသပေးမယ့် ရောဂါကူးစက်မှုတွေ ထပ်မံ ဖြစ်ပေါ်လာတဲ့အတွက် လိုအပ်ချက်တွေရှိနေတယ်လို့ ဆိုပါတယ်။

လတ်တလောမှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် အရေးပေါ် ဆေးဝါး၊ အစားအသောက်၊ အနွေး ထည်၊ စောင်ခြင်ထောင်၊ အမိုးအကာအပြင် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတာပါ။

ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ကနေ လက်ရှိအချိန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...