ကော့ကရိတ်တိုက်ပွဲမှာ အရပ်သား ၃ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ

ကော့ကရိတ်တိုက်ပွဲမှာ အရပ်သား ၃ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားပြည်သူ(၃)ဦး သေ ဆုံးပြီး (၁၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ(၂၁)ရက်နေ့ မနက်(၇)နာရီအချိန်ကစပြီး ကော့ကရိတ်မြို့တွင်းမှာ KNLA တပ်မဟာ(၆)ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တနေ့လုံး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်မှု တရစပ်အသုံးပြုတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ကော့ကရိတ်မြို့နဲ့ ကျေးရွာတွေအပေါ် လေကြောင်းတိုက် ခိုက်မှု အကြိမ်ပေါင်း(၂၀)ပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှု(၁)ကြိမ်လျှင် အနည်းဆုံးဗုံး(၂)လုံးကြဲချခဲ့တယ်လို့ ပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကော့ကရိတ်မြို့တွင်း တိုက်ပွဲမှာ အရပ်သား(၃)ဦးသေဆုံးပြီး (၁၆)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဟာ KNLA ပူးပေါင်းအဖွဲ့က လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲပြောဆိုလိုက်ပြီး ပူးပေါင်းအဖွဲ့တွေက အရပ်သားတွေ ထိခိုက်ခဲ့ရတာဟာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေယာဉ်ဗုံးကြဲတာကြောင့်လို့ ပြောဆိုထားပါတယ်။

နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ လက်ရှိ ကော့ကရိတ်မြို့ပေါ် အခြေအနေနဲ့ ပတ်သက်ပြီး မြို့ခံ တစ်ဦးက အခုလိုပဲ ပြောပါတယ်။

"ကော့ကရိတ်မြို့ပေါ်မှာ အခုတော့ ငြိမ်နေတယ်။ ဒီမနက်တော့ ဘာမှလည်း မကြားရဘူး။ အပြင်လည်းမထွက်ရဲတော့ ဘာမှတော့ မကြားရသေးဘူး၊ အခုငြိမ်နေတယ်"လို့ ပြောပါတယ်။

မနေ့က တိုက်ပွဲမှာ စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ အမှတ်(၇)ရပ်ကွက်နဲ့ မြို့အနီးမှာရှိတဲ့ ကျေးရွာတွေအပေါ် ရည်ရွယ်ချက်ရှိရှိအဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုလုပ်ဆောင်ခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရတာဖြစ်ပြီး နေအိမ်တွေလည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ကော့ကရိတ်ဒေသခံတွေက ဆိုကြပါတယ်။

ဒါ့အပြင် ကော့ကရိတ်မြို့နယ် မြောက်ကြာအင်းကျေးရွာ ဘုန်းကြီးကျောင်း အပေါ်ကိုလည်း မနေ့က လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ သံဃာတစ်ပါး ပျံလွန်တော်မူသွားပြီး ဒေသခံတွေလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်လို့ မြောက်ကြာအင်းရွာခံတွေထံကနေ သိရပါတယ်။

လက်ရှိမှာတော့ ကော့ကရိတ်မြို့အနီးမှာရှိတဲ့ ကမိုင်ကုန်း၊ ကော့နွဲ့၊ ရွာသစ်ကျေးရွာတွေမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်တွေအားလုံးဟာ အဲဒီရွာတွေကနေ ပြန်လည်ဆုတ်ခွာပြီး ကော့ကရိတ်မြို့ထဲကို ပြန်လည်ဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...