ပုသိမ်ထောင်တွင် နိုင်ငံရေး အကျဉ်းသားများ ဆန္ဒပြ

ပုသိမ်ထောင်တွင် နိုင်ငံရေး အကျဉ်းသားများ ဆန္ဒပြ

ပုသိမ်ထောင် အတွင်းရှိ နိုင်ငံရေး အကျဥ်းသားများ ဆန္ဒပြခဲ့ကြသည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။

ဧရာဝတီတိုင်း ပုသိမ် ထောင်အတွင်း ရှိနေသည့် အကျဥ်းသားများ ဖိနှိပ် အနိုင်ကျင့် ရိုက်နှက်ခံနေရပြီး အထွေထွေ အကျဥ်းသား အခွင့် အရေးများ ဆုံးရှုံးနေရသည့် အတွက် ကန့်ကွက် တောင်းဆို ဆန္ဒပြကြခြင်း ဖြစ်သည်ဟု အကျဥ်းဦးစီးဌာနနှင့် နီး စပ်သူများ ၏ ပြောပြချက်အရ သိရသည်။

“သူတို့တွေက မိန်းဂျေးဘက်မှာ သွေးသစ္စာသီချင်းကို အော်ဆိုပြီး ဆန္ဒပြနေကြတာ။ အိပ်ဆောင်တွေထဲ ပြန် မဝင် ကြသေးဘူး။ တစ်နာရီလောက် ရှိနေပြီ” ဟု အကျဥ်းဦးစီးဌာန နှင့် နီးစပ်သူတစ်ဦး က ပြောသည်။

ပုသိမ်ထောင်အတွင်း ဆန္ဒပြမှုမှာ အောက်တိုဘာလ ၂၂ ရက်နေ့၊ နေ့လည် ၁၂ နာရီခွဲ အချိန်ခန့် က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဆန္ဒပြသည့် နိုင်ငံရေး အကျဥ်းသား ၃၀၀ ကျော်က ပုသိမ်အကျဉ်းထောင် ဗဟို တံခါးမကြီး (မိန်းဂျေး)မှာ စုရုံး ရောက်ရှိနေပြီး ဆန္ဒပြနေခြင်းကြောင့် ထိန်းသိမ်းရန်အတွက် ထောင်အာဏာပိုင်က အကြောင်းကြားသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များလည်း ရောက်ရှိလာခဲ့သည်ဟု နီးစပ်သူများက ပြောသည်။

ပုသိမ်ထောင်အတွင်း၌ ထောင်အာဏာပိုင် အဖွဲ့ နှင့် နိုင်ငံအကျဥ်းသားများ အကြား အဆင်မပြေဖြစ်ကာ ဆန္ဒပြ မှုနှင့် အုပ်စုဖွဲ့ ရိုက်နှက်မှုများ မကြာခဏ ဖြစ်ပွားခဲ့ဘူးသည်ဟုလည်း ပုသိမ်မြို့ ရှိ ထောင်ဝင်စာ ပို့သည့် အသိုင်း အဝိုင်းက ပြောသည်။

အင်းစိန်ထောင်ရှေ့တွင် အောက်တိုဘာလ ၁၉ ရက်နေ့၊ နံနက် ၉ နာရီခွဲဝန်းကျင်အချိန်က ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ခဲ့ပြီး လူထိခိုက်သေဆုံးမှုများ ရှိခဲ့သည့်နောက် ထိုနေ့မှာပင် ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်အကျဉ်းထောင် အပါအဝင် ထောင် ၅ ခုစလုံး ကို စစ်ကောင်စီက လုံခြုံရေးများ တိုးမြှင့်ကာ ထောင်ဝင်စာပို့ခွင့် ရက်အကန့် အသတ်မရှိ ပိတ်ထားခဲ့သည်။

ပုသိမ်ထောင်တွင် စစ်ကောင်စီက ပုဒ်မ အမျိုးမျိုးတပ်ကာ ဖမ်းဆီးထားသည့် ပုသိမ်ခရိုင် ၇ မြို့နယ် အတွင်း က နိုင်ငံရေး အကျဥ်းသူ/သား ၄၀၀ ကျော်ခန့်ရှိသည်။

အဆိုပါ အကျဉ်းသူ/သားများအနက် အမျိုးသမီးအကျဉ်းသူ အယောက် ၅၀ ကျော် ခန့် ရှိနေသည်ဟု အကျဥ်းဦး စီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

July 16, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာတွင် ဓနု...
July 16, 2026
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်အစပ်တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး...
July 16, 2026
မန္တလေးမြို့၊ အိုးဘိုဗဟိုအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသား ၁၅ ဦးကို ရိုက်...
July 15, 2026
ဧရာဝတီတိုင်းအတွင်းရှိ ဌာနေပြည်သူ့စစ်များကို ဧရာဝတီ၊ ပဲခူး၊ ရခိုင်၊ ကရင်နှင့် စစ်ကိုင်းတိုင်း...