မကွေးတိုင်းတွင် စစ်ကောင်စီ တပ်များကို ဆက်တိုက်တိုက်ခိုက်နေကြောင်း ဒေသခံ PDF ထုတ်ပြန်

မကွေးတိုင်းတွင် စစ်ကောင်စီ တပ်များကို ဆက်တိုက်တိုက်ခိုက်နေကြောင်း ဒေသခံ PDF ထုတ်ပြန်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်တိုက် တိုက်ခိုက်နေခဲ့ပြီး စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ရေစကြိုမြို့နယ်၊ တောင်ဦးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တရက်တည်းတွင် နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ - မြိုင် က ထုတ်ပြန်ထား သည်။

ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ - မြိုင် တာဝန်ရှိသူ တစ်ဦးက “ကျနော်တို့ ထုတ်ပြန်ထားတဲ့အတိုင်းပဲဗျ၊ ဒီ ၁၇ ရက်နေ့မှာ ရေစကြိုမြို့နယ် အနောက်ပိုင်း တောင်ဦးကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက် စစ်သား တွေကို ကျနော်တို့ ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ့ (မြိုင်) MRGF၊ ကျေးလက်ဒေသ ပြောက်ကျား တပ်ဖွဲ့ (မြိုင်) MRGF တပ်ဖွဲ့ (၂) နဲ့ ဒီ ပခုက္ကူ၊ မြိုင်၊ ရေစကြို သုံးမြို့နယ်တွေက မဟာမိတ်တပ်ဖွဲ့တွေ စုပေါင်းပြီး ပူး ပေါင်း တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ PDF တွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တယ်။ နှစ် ဖက် အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာမျိုးပါ” ဟု ပြောသည်။

အောက်တိုဘာလ ၁၇ ရက်နေ့၊ နံနက် ၉ နာရီဝန်းကျင် အချိန်ခန့်တွင် တောင်ဦးကျေးရွာအနီးတွင် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ရေစကြိုမြို့နယ် ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောသည်။

သံပြာချောင်းကျေးရွာဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများနှင့်လည်း အပြန်အလှန် ပစ် ခတ်မှု နာရီဝက်ခန့် ဖြစ်ပွားပြီးနောက် စစ်သား ၆ ဦး သေဆုံးခဲ့သည်ဟု ပြောသည်။

ထိုသို့ ထိတွေ့မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တောင်ဦးကျေးရွာကို နေ့ခင်း ၂ နာရီဝန်းကျင်က မီးရှို့ခဲ့သည်ဟု ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ - မြိုင် က တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မီးရှို့လို့ ပစ်ခတ်ရတာပါ။ မီးများတယ်လို့ ပြောပါတယ်။ ကျနော်တို့က အဲဒီရွာခံမဟုတ်တော့ မြင်တွေ့ရတဲ့ အခြေအနေကတော့ မီးခိုးလုံးတွေတက်လာတာကိုပဲမြင်ရတာပါ” ဟု ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ - မြိုင် က တာဝန်ရှိသူတစ်ဦးက ပြောသည်။

တောင်ဦးရွာကို မီးရှို့နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီး ကျည်များနှင့် အဝေးကနေ လှမ်းပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟုလည်း ဆိုသည်။

မီးရှို့ခံရသည့် တောင်ဦးကျေးက ရွာသားများ ထွက်ပြေးနေကြရပြီး စစ်ကောင်စီတပ်သားများက ရွာကို မီးပတ်ရှို့ နေခြင်းနှင့် လက်ရှိအချိန်ထိ ကျေးရွာအနီးအနားတွင် စစ်ရေးလှုပ်ရှားမှုများ ရှိနေသေးသည့်အတွက် မီးလောင် ဆုံးရှုံးမှု အခြေအနေများကို ယနေ့အချိန်ထိ အတည်ပြုရန် ခက်ခဲနေသေးသည်ဟု ဒေသခံကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဘက်က ရေစကြိုမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများအပြင် ကျေးရွာအချို့ထဲသို့ ဝင်၍ မီးရှို့ နေသည်များလည်း ရှိနေသည့်အတွက် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပတ်သက်သည့် သတင်းများကို အမြဲနားစွင့်ကာ စစ်ကောင်စီတပ်ဖွဲ့င်များနှင့် ဝေးရာတွင် ရှောင်နေကြရန်လည်း ဒေသခံ ကာကွယ် ရေး တပ်ဖွဲ့ တာဝန်ရှိသူများက သတိပေးပြောဆိုထားသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...