မိုင်းခွဲတိုက်ခိုက်ခံရ၍ တပ်သားများကျဆုံးသွားပြီးနောက် စစ်ကောင်စီတပ်က အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများကို တစ်နာရီအတွင်း နေအိမ်များမှ ထွက်ခွာသွားကြရန် အမိန့်ထုတ်

မိုင်းခွဲတိုက်ခိုက်ခံရ၍ တပ်သားများကျဆုံးသွားပြီးနောက် စစ်ကောင်စီတပ်က အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများကို တစ်နာရီအတွင်း နေအိမ်များမှ ထွက်ခွာသွားကြရန် အမိန့်ထုတ်

မင်းပြားတွင် မိုင်းခွဲတိုက်ခိုက်ခံရ၍ အကျအဆုံးများရှိသော စစ်ကောင်စီ တပ်သည်  အနီးဝန်းကျင် ကျေးရွာများမှ အရပ်သားဒေသခံများကို (၁) နာရီအတွင်း မိမိနေအိမ်များက ထွက်ခွာသွားကြရန် စေခိုင်ထားသည်ဟု သတင်းရရှိသည်။

ယနေ့ နံနက် ၁၁ နာရီခွဲအချိန် ကြပ်စင်တံတား အနီးတွင် စစ်ကောင်စီ စစ်ကြောင်းကို အေအေက မိုင်းခွဲတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်သားများ ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီးနောက် အနီးဝန်းကျင်ရှိ မင်းဘာကြီးရပ်ကွက်၊ ဘူးပင်ရွာ၊ ငတန်ပြားရွာမှ ဒေသခံများကို နေအိမ်များမှ ထွက်ခွာသွားကြရန် အမိန့်ပေးထားသည်ဟု ဒေသခံများက ပြောသည်။

"မိုင်းဆွဲခံရပြီးတော့ မင်းဘာကြီးရပ်ကွက်၊ ရွာသစ်နဲ့ တခြား အနီးအနားရွာက ပြည်သူတွေကို စစ်သားတွေက အိမ်ကနေထွက်သွားဖို့ တစ်နာရီ အချိန်ပေးထားပါတယ်။ အခု ဒေသခံတွေ မြို့ထဲ သွားနေကြပါတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

နောက်ထပ်ဒေသခံတစ်ဦးကလည်း  "မိုင်းကွဲတဲ့နေရာနားကို စစ်သားတွေ ထပ်ရောက်လာပြီး မင်းဘာကြီးရပ်ကွက်၊ မင်းပြားမြို့နားက ဘူးပင်ရွာ၊ ငတန်ပြားရွာကလူတွေကို ရွာကနေ မွန်းလွဲ နှစ်နာရီမထိုးခင် ဖယ်ရှားပေးဖို့ စစ်တပ်က အမိန့်ထုတ်ထားပါတယ်။ အခုအဆင်ပြေတဲ့နေရာကို ထွက်သွားနေကြပါတယ်။ ဘာတွေဆက်ဖြစ်လာမယ် မသိနိုင်တော့ပါဘူး" ဟု ပြောသည်။

လက်ရှိမှာ ဒေသခံများသည် မင်းပြားမြို့ထဲ နှင့် အဆင်ပြေမည့် နေရာများကို ထွက်ပြေး တိမ်းရှောင်နေကြရပြီး စစ်ရေးအခြေအနေပိုမိုတင်းမာကာ ကျေးရွာ၊ ရပ်ကွက်များရှိ ဒေသခံနေအိမ်များကို အငြိုးထား ဖျက်စီးမည်ကို စိုးရိမ်မိကြောင်း ဒေသခံများက ဆိုသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...