မောင်တောကရုဏာကွန်ယက်အသင်အသင်းဝင်နှစ်ဦး ဖမ်းဆီးခံရပြီးနောက် ၎င်းအဖွဲ့၏လုပ်ငန်းများကို ယာယီရပ်ဆိုင်း

မောင်တောကရုဏာကွန်ယက်အသင်အသင်းဝင်နှစ်ဦး ဖမ်းဆီးခံရပြီးနောက် ၎င်းအဖွဲ့၏လုပ်ငန်းများကို ယာယီရပ်ဆိုင်း

ရခိုင်ပြည် မောင်တောမြို့နယ်မှာ လူမျိုး၊ဘာသာမရွေး အရပ်ဘက် လူမှုကူညီရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် မောင်တောမြို့နယ် ကရုဏာကွန်ယက်မှ အသင်းဝန် နှစ်ဦးကို စစ်ကောင်စီက ယမန်နေ့ ညက ဖမ်းဆီးသွားပြီးနောက် ၎င်းအဖွဲ့၏ လုပ်ငန်းများကို ယာယီရပ်ဆိုင်း ထားလိုက်ကြောင်း ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်သည်။

“ အသင်းဝင်နှစ်ယောက်ကို ဖမ်းသွားတယ်ဆိုတော့ အခုအခြေအနေက ဘယ်လိုလည်းဆိုတာ မှန်းမကျဖြစ် နေပါတယ်။ ဒါကြောင့် ဒီလိုလုပ်ဖို့ ဆုံးဖြတ်လိုက်တာပါဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ဥက္ကဋ္ဌ ကို မေးကြည့်ပါ” ဟု မောင်တောမြို့နယ် ကရုဏာကွန်ယက် အသင်းဝင် တစ်ယောက်က ပြောသည်။

ယခုကဲ့သို့ အသင်းလုပ်ငန်းများကို ရပ်ဆိုင်လိုက်ခြင်းမှာ အသင်းဘဏ္ဍာရေးမှူး ဖြစ်သူ ဦးလှသိန်းနှင့် သူ့ ယောက်ဖတော်စပ်သူ တစ်ဦးကို အောက်တိုဘာလ ၁၄ ရက်နေ့ ည ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားခဲ့၍ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ သူတို့နှစ်ဦး ဖမ်းဆီးခံရပြီးတဲ့နောက်မှာ အသင်းဝင်တွေရဲ့ လုံခြုံရေး စိတ်မချရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒါကြောင့် လောလောဆယ်တော့ အသင်းဝင်တွေအတွက် စိုးရိမ်စရာဖြစ်နေပါတယ်” ဟု  အဆိုပါ အသင်းဝင်က ပြောသည်။

ဦးလှသိန်းနှင့်သူ့ယောက်ဖဖြစ်သူမှာ ကွန်ပျူတာ၊ မိတ္တူနှင့် ဗီနိုင်းလုပ်ငန်း လုပ်ကိုင်သူများဖြစ်ပြီး သူတို့နှစ်ဦးကို ယမန်နေ့ ည ၁၁ နာရီခန့်က ရဲနှင့်စစ်တပ်က ဧည့်စာရင်းစစ်သည်ဟု ပြောကာ အခန်းထဲဝင်လာပြီး မောင်တောမြို့ အမှတ် (၅) နယ်ခြားစောင့် ရဲ စခန်းကို ခေါ်ဆောင် သွားခြင်းဖြစ်သည်ဟု မောင်တောမြို့ခံများက ပြောသည်။

အသင်းဝင်နှစ်ဦးဖမ်းဆီးခံရပြီး အသင်းလုပ်ငန်းများကို ယာယီရပ်နားသည့် ကိစ္စကို အသေးစိတ် သိရှိနိုင်ရန် အသင်းဥက္ကဋ္ဌ ဖြစ်သူကို နိရဉ္စရာမှ အကြိမ်ကြိမ် ဖုန်းဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

မောင်တောကရုဏာကွန်ယက်အသင်းကို ဒေသအတွင်း နာရေး၊ သွေးနှင့် တခြားအရေးပေါ် ကယ်ဆယ်ရေး လုပ်များကို လုပ်ဆောင်နိုင်ရန် ၂၀၁၈ သြဂုတ်လ (၁) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...