မြဝတီမြို့ ဗုံးပေါက်ကွဲမှုကြောင့် လူနေအိမ်များနှင့် မီးကြိုးများ ထိခိုက်ပျက်စီး

မြဝတီမြို့ ဗုံးပေါက်ကွဲမှုကြောင့် လူနေအိမ်များနှင့် မီးကြိုးများ ထိခိုက်ပျက်စီး

မြဝတီမြို့တွင် ယမန်နေ့ အောက်တိုဘာလ ၁၄ ရက်ညက ဗုံးပေါက်ကွဲခဲ့ပြီး ကားသုံးစီး မီးလောင်ခဲ့သည့်အပြင် ပေါက်ကွဲ မှုမှ အနီးဝန်းကျင်ရှိ လူနေအိမ်များကိုလည်း ဗုံးစများထိမှန်ပျက်စီးမှုရှိခဲ့ကြောင်း မြို့ခံများ၏ ပြောပြချက်များအရ သိရ သည်။

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့၊ အမှတ် (၁) ချစ်ကြည်ရေးတံတားအနီးတွင် ယမန်နေ့ည ၇ နာရီဝန်းကျင်အချိန် ဗုံး ပေါက်ကွဲကာ ကား ၃ စီး မီးလောင်ပျက်စီးမှုဖြစ်ပွားခဲ့ပြီး လူနေအိမ်တချို့နှင့် မီးကြိုးများ ထိခိုက်ပျက်စီးသွား ကြောင်း မြ၀တီမြို့ခံတစ်ဦးက ယခုလို ပြောသည်။

၎င်းက "ဗုံးစ အများဆုံးထိတာကတော့ အဲ့ဒီနားက တစ်အိမ်ကတော့ တော်တော်ထိသွားတယ်။ အဲ့ဒီပတ်ဝန်းကျင်က အိမ်တွေလည်း ဗုံးစတွေ ထိကုန်တယ်။ ပြီးတော့ မီးကြိုးတွေလည်း ပြတ်ထွက်ကုန်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းသို့ ပေါက်ကွဲသည့် ဗုံးအမျိုးအစားကို အတိအကျ မသိရသော်လည်း အမှတ် (၁) တံတားအနီးတစ်နေရာနှင့် အမှတ် (၂) ရပ်ကွက်ရှိ နယ်ခြားစောင့်တပ် စည်းကမ်းထိန်းသိမ်းရေးရုံးအနီးတို့တွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း ဖြစ်စဉ်ပြီးနောက် သွားရောက်တွေ့မြင်ကြသူများက ပြောဆိုသည်။

မြို့ခံတစ်ဦးက "ဗုံးပေါက်ကွဲသံ ကျနော်ကြားတာက ၂ လုံး။ တစ်လုံးနဲ့တစ်လုံး ၃မိနစ်ပဲ ခြားတယ်။ ပေါက်ကွဲသံက တော်တော့်ကို ကျယ်တာ။" ဟု အခင်းဖြစ်သည့်ညတွင် ကေအိုင်စီသို့ ပြောသည်။

မြ၀တီမြို့၊ အမှတ်(၁) ချစ်ကြည်ရေးတံတားအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေပြီး ယခုကဲ့သို့ အလားတူ ထပ်မံ ဖြစ်ပွားလာမည်ကို တံတားအနီးဝန်းကျင်၌ နေထိုင်သူ မြို့ခံပြည်သူများက စိုးရိမ်ထိတ်လန့်နေကြ ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။

အောက်တိုဘာ (၁၁) ရက်နေ့၊ ညအချိန်ကလည်း အမှတ် (၁) ချစ်ကြည်ရေးတံတား အရှေ့လမ်းသွယ် ယုဇနလမ်း၊ စတိုး ဆိုင်အနီးရှိ သူကြီးသမီးမယ်သင်း ထမင်းဆိုင်အတွင်းထဲသို့ လက်ပစ်ဗုံးပစ်သွင်းမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးခဲ့သည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...