လာမည့်တစ်နှစ်တာကာလ တော်လှန်ရေးကို အဆုံးဖြတ်ပေးမည့်နှစ်အဖြစ် ပြင်ဆင်ချမှတ် ထားဟု NUG ရှင်းလင်းပြောဆို

လာမည့်တစ်နှစ်တာကာလ တော်လှန်ရေးကို အဆုံးဖြတ်ပေးမည့်နှစ်အဖြစ် ပြင်ဆင်ချမှတ် ထားဟု NUG ရှင်းလင်းပြောဆို

လာမည့် တစ်နှစ်တာကာလအတွင်း လက်ရှိ တော်လှန်ရေးကို အဆုံးအဖြတ်ပေးမည့် နှစ်အဖြစ် ပြင်ဆင်ချမှတ်ထားပြီး ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ အောက်တိုဘာလ

၇ရက်နေ့တွင် ပြုလုပ်သည့် ပြည်သူ့ခုခံ တော်လှန်စစ် တစ်နှစ်ပြည့်သုံးသပ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ယနေ့ညဘက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အချိန်ဆွဲ သွေးခွဲ လမ်းလွဲ ဗျူဟာဖြင့် နိုင်ငံရေးထွက်ပေါက်နှင့် စစ်ရေးအသက်ရှုပေါက်ကို ရှာဖွေနေသည့် စစ်ကောင်စီကို အချိန်ပေး၍ မရတော့သည့် အခြေအနေတွင် အမျိုးသားညီ ညွတ်ရေးအစိုးရ(NUG)အနေဖြင့် မဟာမိတ်များနှင့် ကဏ္ဍစစ်မျက်နှာ ၆ခုဖွင့်ပြီး အရှိန်မြင့် ထိုးစစ်ဆင်ရေး တစ်နှစ်စီမံ ချက်ကို ညှိနှိုင်းရေးဆွဲနေပြီးဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

NUG ၏ ပြောခွင့်ရသူ ဦးနေဘုန်းလတ်က "ကျနော်တို့ အာမခံနိုင်တာက တစ်ခုတော့ရှိတယ်။ အဲ့ဒါကတော့ အဖြေပေါ် မယ်ဗျာ။ တစ်နှစ်ဟာ အဆုံးအဖြတ်နှစ်ပဲ။ အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်ဆိုတဲ့ စကားကို သေချာ ကျနော်တို့ ရွေးချယ်ပြီးတော့မှ သုံးထားခြင်းဖြစ်ပါတယ်။ နည်းနည်း လိုအပ်ချက်ရှိတာလေးတွေကို ဒီတစ်နှစ်အတွင်း မှာ ရုန်းပြီးတော့ ဝိုင်းပြီးတော့ ဖြည့်ဆည်းပေးလိုက်ကြမယ်ဆိုရင် ကျနော်တို့ အားလုံးလိုချင်နေတဲ့ ပြည်သူတွေအား လုံး လိုချင်နေတဲ့ ဒီစစ်အာဏာရှင်ပြုတ်ကျရေး ဆိုတဲ့ကိစ္စကြီး ဒီပန်းတိုင်ကိုတော့ ဒါရောက်မယ်ပေါ့နော်။ ဒီလိုမျိုးသာ ဝိုင်းရုန်းမယ်ဆိုရင်တော့ ဒီတစ်နှစ်အတွင်း အဖြေပေါ်မယ်။"ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ထို့အပြင် တော်လှန်ရေး၏ ပြီးခဲ့သောကာလသည် လိုအပ်သော အခြေခံအုတ်မြစ်ကို ဖြည့်ဆည်းတည်ဆောက်ရသည့် ကာလဖြစ်ပြီး လာမည်နှစ်တွင် ရန်သူကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာရေးရာ ဘက်ပေါင်းစုံဖြင့် ထိုးစစ်ဆင် မည့်စီမံချက်ကို NUG အစိုးအရအနေဖြင့် ပြင်ဆင်ချမှတ်ထားပြီးဖြစ်ပြီး လာမည့် တစ်နှစ်တာကာလသည် တော်လှန် ရေးကို အဆုံးအဖြတ်ပေးမည့် နှစ်အဖြစ် ခံယူကြောင်းလည်း ယနေ့ သတင်းစာရှင်းလင်းပွဲအပြီး ၎င်းတို့၏ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီတစ်နှစ်ဆိုတဲ့ဟာကို ကျနော်တို့ တရားဝင် ထုတ်ဖော်ပြီး ပြောဆိုခြင်းဖြစ်ပါတယ်။ အဲ့ဒါကလည်း ကျနော်တို့မှာ Plan (အစီအစဉ်)ဆိုတဲ့ဟာလည်း ရှိသလို အခု သတင်းစာရှင်းလင်းပွဲပြီးတဲ့ နောက်ရက်တွေက စပြီးတော့ ကျနော်တို့ အဲ့ plan တွေကို action (လုပ်ဆောင်မှု)တွေအဖြစ်နဲ့ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။”ဟုလည်း NUG ပြောခွင့်ရသူ ဦးနေ ဘုန်းလတ်က ဆက်ပြောသည်။

ယနေ့ည ပြုလုပ်သည့် NUG၏ သတင်းစာရှင်းလင်းပွဲနှင့်အတူ ထုတ်ပြန်သည့် အစီရင်ခံ ထုတ်ပြန်ချက်တွင် စစ်ရေး၊ နယ်မြေစိုးမိုးရေး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မဟာမိတ်စုဖွဲ့မှု၊ နိုင်ငံတကာ ဆက်ဆံရေး၊ ဘဏ္ဍရေး၊ ပြည်သူလူထု ပူးပေါင်းပါဝင်မှုနှင့် ရှေ့လုပ်ငန်းစဉ်များ အစရှိသည့် ကဏ္ဍအလိုက် သုံးသပ်ချက်များကိုလည်း တင်ပြထားသည်။

NUG အနေဖြင့် စစ်ရေးအရ ခုခံစစ်အတွက် ပြည်သူ့ ကာကွယ်ရေး တပ်မတော်(PDF)ကို ဖွဲ့စည်းနိုင်ခဲ့ရာမှ လက်ရှိတွင် စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်နိုင်သည့် အင်အားတစ်ရပ်ကို မဟာမိတ်နှင့် ပူးပေါင်းပြီး အတိုင်းအတာတစ်ခုအထိ ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း၊ နယ်မြေ စိုးမိုးရေး အနေဖြင့် NUG နှင့် တိုင်းရင်းသားမဟာမိတ်တို့၏ စိုးမိုးနယ်မြေသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၅၀ ရာခိုင်နှုန်းကျော်နေပြီ ဖြစ်ကြောင်း လည်း ထုတ်ဖော်ပြောဆိုခဲ့သည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးတွင်လည်း NUG အနေဖြင့် မဟာမိတ်နှင့်ပူးပေါင်း၍ စိုးမိုးနယ်မြေများတွင် ကြား ကာလ ဒေသန္တရအုပ်ချုပ်ရေးကို ဖော်ဆောင်ပြီး ပြည်သူများကို ဝန်ဆောင်မှု ပေးနေပြီးဖြစ်ကြောင်း၊ စိုးမိုးနယ်မြေများ တွင် ယာယီ အချုပ်ခန်း ၂၀ ထားရှိ၍လည်း လက်ရှိတွင် အမှုပေါင်း ၁၁၆မှုကို စတင်စစ်ဆင်နေပြီး CDM ရဲတပ်ဖွဲ့ဝင် များကို အခြေခံပြီး ပြည်နယ်ရဲတပ်ဖွဲ့များ ဖွဲ့စည်း၍ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီးဖြစ်သည် ဟုလည်း ဆက်လက် ဖော်ပြထားသည်။

ထို့အပြင် ဘဏ္ဍာရေးကဏ္ဍ၊ နိုင်ငံတကာဆက်ဆံရေးကဏ္ဍနှင့် လူထုပူးပေါင်းပါဝင်မှု ကဏ္ဍများကိုလည်း ယခင် နှိုင်းယှဉ် ချက်များပါသည့် အချိန်ပြဇယားဖြင့် နှိုင်းယှဉ်တင်ပြရာတွင် ကဏ္ဍအားလုံး တိုးတက်ပြောင်းလဲကြောင်းကိုလည်း ညွန်း ဆိုထားသည်။

ယမန်နှစ် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၇ရက်နေ့တွင် ပြည်သူ့ခုခံတော်လှန်စစ်(D-Day) စတင်ကြောင်း NUG က တရား ဝင်ထုတ်ဖော်ကြေညာခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင် ခုခံတော်လှန်မှုများ အရှိန်အဟုန်မြှင့် ဖြစ်ပေါ်လာခဲ့ပြီး လက်နက်ကိုင် တော်လှန်ရေးမှတစ်ဆင့် နယ်မြေတချို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း တော်လှန်ရေး အင်အားစုတ ချို့၏ ထုတ်ပြန်ချက်အရ သိရသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...