စစ်ကောင်စီ၏ တပ်မ ၄၄ တပ်မမှူးအနားပေးခံရ

စစ်ကောင်စီ၏ တပ်မ ၄၄ တပ်မမှူးအနားပေးခံရ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ခဲ့သော စစ်ကောင်စီတပ်မ(၄၄)၏ တပ်မ မှူးဗိုလ်မှူးချုပ်တင်မိုးနိုင်အား အောက်တိုဘာလ ၂ရက်နေ့မှစ၍ စစ်ဖက်ရာထူးမှ အနားပေးလိုက်ကြောင်း စစ်ဖက် သတင်းရပ်ကွက်မှ စုံစမ်းသိရှိရသည်။

မြဝတီမြို့၊ ဖလူး-ဝေါလေ ဒေသတွင် စစ်ဆင်ရေးဝင်နေသော တပ်မမှူးဗိုလ်မှူးချုပ်တင်မိုးနိုင်သည် စစ်ဆင်ရေးတာဝန် များ ကျေပြွန်စွာ မထမ်းဆောင်နိုင်ခြင်း၊ စစ်သားများ CDM ပြုလုပ်သူများလာခြင်းနှင့် လက်နက်ခဲယမ်းများစွာ KNU မှ သိမ်းဆည်းရမိခဲ့ခြင်းတို့ကြောင့် စက်တင်ဘာလလယ်ပိုင်းမှစ၍ နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခံနေရခြင်းဖြစ်သည်။

စက်တင်ဘာလ ၉ရက်နေ့က တပ်မ(၄၄) လက်အောက်ခံ ခမရ(၁၀၂)မှ ဗိုလ်ကြီး ၁ဦးနှင့် စစ်သည် ၅ဦးတို့ သယ်ဆောင် လာသော လက်နက်ခဲယမ်းများစွာကို မြဝတီ-ဝေါလေလမ်းပေါ်ရှိ သဲဖြူချောင်းဒေသတွင် KNLA ပူးပေါင်းတပ်ဖွဲ့ ကော်ဘရာစစ်ကြောင်းက သိမ်းဆည်းရမိခဲ့သည်။

ယင်းသို့ ဗိုလ်မှူးချုပ်တင်မိုးနိုင် စစ်ဆေးခံနေရစဉ်အတွင်း မြဝတီမြို့နှင့် ကော့ကရိတ်မြို့နယ်အတွင်း စစ်ဆင်ရေးများ ကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးက ယာယီ လာရောက်ကွပ်ကဲနေကြောင်းလည်း စုံစမ်းသိရှိရသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...