ဖားကန့်မြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ဆေးရေး တင်းကြပ်နေဟုဆို

ဖားကန့်မြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ဆေးရေး တင်းကြပ်နေဟုဆို

ကချင်ပြည်နယ်၊ ဖားကန့်မြို့အတွင်းက နေရာအချို့မှာ စစ်ကောင်စီတပ်ကနေ အခုရက်ပိုင်း စစ်ဆေးမှုတွေ  တင်းကြပ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့် ကျောက်ဝိုင်း၊ တံတားထိပ်နဲ့ မရှီကထောင်ရပ်ကွက် အစရှိတဲ့ နေရာတွေမှာ အခုရက်ပိုင်း ညအချိန်ဖြတ်သန်းသွားလာသူတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“ဖားကန့်မှာ ညဘက် အရမ်း စစ်ဆေးနေတယ်။ မနေ့ညကရော ကျောက်ဝိုင်းဘက်ရော အရမ်းစစ်နေတယ်။  မရပ်ရင်သေနတ် ပစ်ဖောက်တာတွေ လုပ်တယ်”လို့ သူက ပြောပါတယ်။

ည (၉) နာရီလောက်ကနေ  ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေတွေကို စစ်ကောင်စီတပ်ကနေ ရပ်ခိုင်းပြီး စစ်ဆေးတင်းကြပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာလ (၁) ရက်နေ့ ညကလည်း မရှီကထောင်ရပ်ကွက် အတွင်း စစ်ကောင်စီတပ်သားတွေကသေနတ်ပစ် ဖောက်တာတွေ ပြုလုပ်ခဲ့တဲ့အပြင် လမ်းသွား/လာ ကား၊ဆိုင်ကယ်တွေ ရပ်ခိုင်းပြီး စစ်ဆေးမေးမြန်းမှုလုပ်ဆောင်ခဲ့တယ်လို့ နောက်ထပ် မရှီကထောင် ဒေသခံ တစ်ဦးက မြစ်ကြီးနားသတင်း ဂျာနယ်ကို အခုလို ပြောပါတယ်။

“သေနတ်တွေလည်း ပစ်ဖောက်တယ်။ အချက်ပေါင်းများစွာ။ မနေ့ညက မြို့မဘက်လည်း စစ်တယ် ပြောတယ်။”လို့ ဆိုပါတယ်။

လက်ရှိ ဖားကန့် မှော်အတွင်း စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးတာတွေ ရှိနေပြီး မြို့တွင်း စစ်သားတွေ လှည့်ပတ်သွားလာတာတွေလည်း ရှိနေတယ်ပါတယ်။

အခုလို စစ်ဆေးမေးမြန်းမှုတွေ ပိုမိုတင်းကြပ် လုပ်ဆောင်လာနေတာဟာ တပ်မမှူးလဲလှယ်ဖို့ လုပ်ဆောင်နေတာကြောင့်လို့ ပြောဆိုနေပေမယ့် သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...