ဖားကန့်မြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ဆေးရေး တင်းကြပ်နေဟုဆို

ဖားကန့်မြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ဆေးရေး တင်းကြပ်နေဟုဆို

ကချင်ပြည်နယ်၊ ဖားကန့်မြို့အတွင်းက နေရာအချို့မှာ စစ်ကောင်စီတပ်ကနေ အခုရက်ပိုင်း စစ်ဆေးမှုတွေ  တင်းကြပ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့် ကျောက်ဝိုင်း၊ တံတားထိပ်နဲ့ မရှီကထောင်ရပ်ကွက် အစရှိတဲ့ နေရာတွေမှာ အခုရက်ပိုင်း ညအချိန်ဖြတ်သန်းသွားလာသူတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“ဖားကန့်မှာ ညဘက် အရမ်း စစ်ဆေးနေတယ်။ မနေ့ညကရော ကျောက်ဝိုင်းဘက်ရော အရမ်းစစ်နေတယ်။  မရပ်ရင်သေနတ် ပစ်ဖောက်တာတွေ လုပ်တယ်”လို့ သူက ပြောပါတယ်။

ည (၉) နာရီလောက်ကနေ  ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေတွေကို စစ်ကောင်စီတပ်ကနေ ရပ်ခိုင်းပြီး စစ်ဆေးတင်းကြပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာလ (၁) ရက်နေ့ ညကလည်း မရှီကထောင်ရပ်ကွက် အတွင်း စစ်ကောင်စီတပ်သားတွေကသေနတ်ပစ် ဖောက်တာတွေ ပြုလုပ်ခဲ့တဲ့အပြင် လမ်းသွား/လာ ကား၊ဆိုင်ကယ်တွေ ရပ်ခိုင်းပြီး စစ်ဆေးမေးမြန်းမှုလုပ်ဆောင်ခဲ့တယ်လို့ နောက်ထပ် မရှီကထောင် ဒေသခံ တစ်ဦးက မြစ်ကြီးနားသတင်း ဂျာနယ်ကို အခုလို ပြောပါတယ်။

“သေနတ်တွေလည်း ပစ်ဖောက်တယ်။ အချက်ပေါင်းများစွာ။ မနေ့ညက မြို့မဘက်လည်း စစ်တယ် ပြောတယ်။”လို့ ဆိုပါတယ်။

လက်ရှိ ဖားကန့် မှော်အတွင်း စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးတာတွေ ရှိနေပြီး မြို့တွင်း စစ်သားတွေ လှည့်ပတ်သွားလာတာတွေလည်း ရှိနေတယ်ပါတယ်။

အခုလို စစ်ဆေးမေးမြန်းမှုတွေ ပိုမိုတင်းကြပ် လုပ်ဆောင်လာနေတာဟာ တပ်မမှူးလဲလှယ်ဖို့ လုပ်ဆောင်နေတာကြောင့်လို့ ပြောဆိုနေပေမယ့် သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...