PDF အယောင်ဆောင် ဓါးပြတိုက်သူများကို ဖမ်းမိ

PDF အယောင်ဆောင် ဓါးပြတိုက်သူများကို ဖမ်းမိ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF အယောင်ဆောင်ကာ ကချင်ပြည်နယ်၊ ဖားကန့် အိမ်တစ်အိမ်တွင် ဓါးပြတိုက်သူ အမျိုးသား ၆ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုင်းတောင်ဒေသခံများက ပြောသည်။

သူတို့အား ဆိပ်မူအုပ်စု ဆိုင်းတောင်ကျေးရွာ၊ နှီးဘုရားကုန်းက Happy ကာရာအိုကေဆိုင်တွင် ဖမ်းဆီးရမိခြင်းဖြစ်ကာ လက်နက်နှင့် ကျည်ဆံများလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဓါးပြတိုက်သူများကို ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူတစ်ဦးကပြောသည်။

“သေနတ်သုံးလက်၊ ကျည်ဆံတွေရယ်၊ ပိုက်ဆံ တစ်ရာငါးဆယ့်ငါးသိန်းရယ် အနက်ရောင် Crown ကားတစ်စီး ရယ် သိမ်းမိတယ်။ လူခြောက်ယောက်ကိုတော့ အပေါ်မှာ စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်” ဟု ၎င်းက ပြောသည်။

၎င်းတို့ကို စက်တင်ဘာလ ၂၉ ရက်နေ့၊ နံနက် (၂) နာရီကျော်အချိန်တွင် ကချင်လွတ်လပ်ရေး တပ်မတော်နှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ကိုအိုက်လျန်နှင့် အပေါင်းအပါ ၅ ဦးတို့သည်စက်တင်ဘာလ ၂၈ ရက်နေ့၊ ည ၁၀ ကျော် အချိန်ခန့်တွင် နှီးဘုရား ကုန်းရှိ အိမ်တစ်အိမ်တွင် ဓါးပြဝင်တိုက်ရာ အိမ်ရှင်အမျိုးသမီးက အိမ်ပြန်မလာသေးသည့် အမျိုးသားဖြစ်သူကို ဖုန်းမှတစ်ဆင့် အကျိုးအကြောင်းကို Message ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ Message ပို့ရာမှ ရပ်ကွက်အတွင်းနေထိုင်သူများနှင့် ၎င်း၏ အမျိုးသားတို့က ဝိုင်းဖမ်းရာမှ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ရပ်ကွက်အတွင်းနေထိုင်သူများက ဝိုင်းဖမ်းကြရာ ဓါးပြတိုက်သူများ ထွက်ပြေးလွတ်မြှောက်သွားပြီးနောက် Happy ကာရာအိုကေဆိုင်တွင် KIA နှင့် KPDF ပူးပေါင်းအဖွဲ့က ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

July 16, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာတွင် ဓနု...
July 16, 2026
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်အစပ်တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး...
July 16, 2026
မန္တလေးမြို့၊ အိုးဘိုဗဟိုအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသား ၁၅ ဦးကို ရိုက်...
July 15, 2026
ဧရာဝတီတိုင်းအတွင်းရှိ ဌာနေပြည်သူ့စစ်များကို ဧရာဝတီ၊ ပဲခူး၊ ရခိုင်၊ ကရင်နှင့် စစ်ကိုင်းတိုင်း...