လူမှုကွန်ရက်တွင် တော်လှန်ရေးအဖွဲ့များကို အားပေးထောက်ခံပါက အရေးယူမည်ဟု စစ်ကောင်စီခြိမ်းခြောက်

လူမှုကွန်ရက်တွင် တော်လှန်ရေးအဖွဲ့များကို အားပေးထောက်ခံပါက အရေးယူမည်ဟု စစ်ကောင်စီခြိမ်းခြောက်

လူမှုကွန်ရက်ပေါ်တွင် တော်လှန်ရေးအဖွဲ့များကို အားပေးထောက်ခံကြောင်းတွေ့ရှိရပါက ဥပဒေအရဖမ်းဆီးခံရနိုင်သည်ဟု အာဏာသိမ်းစစ်ကောင်ီစက လူထုကို ခြိမ်းခြောက်ပြောဆိုသည်။

ယနေ့ စက်တင်ဘာ ၂၀ ရက်၊ နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် အာဏာသိမ်းစစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲမှတစ်ဆင့် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ NUG ၊ CRPH ၊ PDF အဖွဲ့တွေရဲ့ စာတွေ ပုံတွေ ဗီဒီယိုတွေ သူတို့ကိုအားပေးထောက်ခံတဲ့သူတွေရဲ့ စာတွေပုံတွေဗီဒီယိုတွေကို Like တစ်ခုပေးလိုက်တာဖြစ်ဖြစ်၊ Share တာပဲဖြစ်ဖြစ် လုပ်ရင် အခု ဇယားမှာပါတဲ့ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (ခ) နဲ့ ညိစွန်းပါတယ်။ ထောင်ဒဏ် သုံးနှစ် ကနေ ၁၀ နှစ်အထိ ချမှတ်နိုင်ပါတယ်။ ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်” ဟု စစ်ကောင်စီပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

၎င်းတို့ကို တော်လှန်နေသည့်အဖွဲ့များအား တစ်နည်းနည်းဖြင့် ထောက်ခံကြောင်း ပြသသည်ဖြစ်စေ၊ ငွေကြေးအရထောက်ပံ့သည်ဖြစ်စေ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေများ၊ နိုင်ငံတော် အကြည်ညိုပျက်စေသည့် ဥပ‌ဒေပုဒ်များဖြင့် စွဲဆိုနိုင်ကြောင်း စစ်ကောင်စီက ခြိမ်း‌ခြောက် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပြောဆိုမှုသည် ပြည်သူလူထုကို အွန်းလိုင်းပေါ်တွင်စောင့်ကြည့်နေကြောင်း သွယ်ဝိုက်၍ ဝန်ခံပြောဆိုလိုက်ခြင်းဖြစ်ပြီး ယင်းမတိုင်မီကပင် ဖမ်းဆီးခံခဲ့ရသူများလည်း ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် လူသုံးအများဆုံးဖြစ်သည့် Facebook ပေါ်၌ ပြည်သူလူထု၏ ပြောဆိုမှုများ၊ သဘောထားမှတ်ချက် ပေးမှုများနှင့် မျှဝေခြင်း (Share) များကို စစ်တပ်က အများဆုံးစောင့်ကြည့်နေကြောင်း သိရသည်။

စစ်ကောင်စီ ဒေါက်တိုင်များအနက် ဟန်ငြိမ်းဦး၊ ဘညွန့်အစရှိသည့် တယ်လီဂရမ်အကောင့်များမှာလည်း ထင်ရှားပြီး ဖမ်းဆီးမည့်သူများနှင့် ဖမ်းဆီးခံရသူများ၏ သတင်းအချက် အလက်များကို မျှဝေလေ့ရှိသည်။

“ သူတို့ကိုစောင့်ကြည့်ရတယ်၊ သူတို့က သတင်းအမှားတွေဖြန့်တတ်တယ်။ ပြီးတော့ တော်လှန်ရေးအဖွဲ့တွေမှာပါဝင်တဲ့ သူတွေရဲ့ အချက်အလက်တွေ ပါလာတတ်တယ်၊ အဲတော့ နေ့တိုင်းကို စောင့်ကြည့်ရတယ်၊ ကြိုသိရင်တော့ရှောင်ကြရတာ‌ပေါ့” ဟု အဆိုပါ အကောင့် များကို လေ့လာ စောင့်ကြည့်နေသူ တစ်ဦးဖြစ်သည့် ကိုကိုမောင်က ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်ကိုအုပ်ချုပ်ရန် စစ်တပ်မှ နည်းလမ်းမျိုးစုံအသုံးပြု ကြိုးစားနေပြီး ဆန့်ကျင်တော်လှန်သူများကိုလည်း နေရာအနှံ့တွင်ရှာဖွေကာ မတရားဖမ်းဆီး ထောင်ချမှုများ ဆက်တိုက်ပြုလုပ်လျှက်ရှိသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...