ရေးမြို့နယ် အခြေစိုက် ခလရ (၁၀၆) တပ်ရင်းမှူး နေအိမ်နဲ့ အရာရှိရိပ်သာ တိုက်ခိုက်ခံရ

ရေးမြို့နယ် အခြေစိုက် ခလရ (၁၀၆) တပ်ရင်းမှူး နေအိမ်နဲ့ အရာရှိရိပ်သာ တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ် အခြေစိုက် စစ်ကောင်စီ ခလရ (၁၀၆) တပ်ရင်းမှူး နေအိမ်နဲ့ အရာရှိရိပ်သာကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းမှာ လက်နက်ကြီးနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က ထုတ်ပြန်ပါတယ်။

အဲဒီ စစ်ကောင်စီ ခလရ (၁၀၆) တပ်ရင်းမှူး နေအိမ်နဲ့ အရာရှိရိပ်သာကို ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က စစ်ကောင်စီတပ်ရင်း ခြံစည်းရိုးဘေးကနေ လက်နက်ကြီးနဲ့ နှစ်ချက် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။

လက်နက်ကြီး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ထဲကနေ လက်နက်ကြီး ၅ ချက်ထက်မနည်း ပြန်လည် ပစ်ခတ်ခဲ့ပေမယ့် ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က ထိခိုက်မှု တစ်စုံတစ်ရာ မရှိပါဘူး။

စစ်ကောင်စီ တပ်ရင်းမှူး နေအိမ်နဲ့ အရာရှိရိပ်သာကို သွားရောက် ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်မှုတွေ များနိုင်တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်ကျဆုံးမှု အခြေအနေ အသေးစိတ် အချက်အလက်ကိုတော့ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က ထုတ်ပြန်ထားတာ မရှိပါဘူး။

ရေးမြို့နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၊ ရဲစခန်းတွေ အပါအဝင် လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ မကြာခဏ တိုက်ခိုက်ခံနေရတာ ဖြစ်ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာနေတာပါ။

အထိနာနေတဲ့ စစ်ကောင်စီတပ်ကဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့စပြီး ရေးမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စခန်း တည်ရှိရာ နေရာတွေကို လေယာဉ်နဲ့ ကင်းထောက်တာတွေ လုပ်ဆောင်ထားပါတယ်။

ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...
July 20, 2026
မွန်ပြည်အတွင်း စက်သုံးဆီများ မပြတ်လပ်စေရန် စီမံဆောင်ရွက်ထားကြောင်း စစ်အုပ်စုခန့် လျှပ်စစ်၊...