မြစ်ကြီးနားတက္ကသိုလ် ကြားကာလ အွန်လိုင်း အခြေပြု ပညာရေးအစီအစဉ် ပြန်လည်စတင်မည်

မြစ်ကြီးနားတက္ကသိုလ် ကြားကာလ အွန်လိုင်း အခြေပြု ပညာရေးအစီအစဉ် ပြန်လည်စတင်မည်

မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂ ကနေ ဖွင့်လှစ်သင်ကြားပေးနေတဲ့ ကြားကာလ အွန်လိုင်းအခြေပြုပညာရေးအစီအစဉ် (ကျောင်းပြင်ပညာရေး)  ပြန်လည်စတင်တော့မှာဖြစ်တယ်လို့ စက်တင်ဘာလ (၁၈) ရက်နေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီ ဖွင့်လှစ်တဲ့ ကျောင်းတွေမှာ မတက်ဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်နေကြတဲ့ကျောင်း သူ/သား တွေအတွက် ကျောင်းပြင်ပ ပညာရေးအနေနဲ့ ကြားကာလအွန်လိုင်းအခြေပြု ပညာရေးအစီစဉ်ကိုဖွင့်လှစ်သင်ကြားပေးနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လ (၁၀) ရက်နေ့ကစပြီးတော့ သင်ကြားရေးအစီစဉ်တွေကိုခေတ္တ ရပ်နားခဲ့ရာကနေ အခုအခါမှာ ပြန်လည်စတင်တော့မယ် ဆိုတဲ့အကြောင်းကို ကြေညာခဲ့တာပါ။

ဘယ်တော့ပြန်စမယ်ဆိုတာကိုတော့ အတိအကျ မဖော်ပြထားပေမယ့် လာမယ့် အောက်တိုဘာလအတွင်း စနိုင်ဖို့ကြိုး စားနေတယ်လို့  မြစ်ကြီးနားတက္ကသိုလ် ကျောင်းသား သမဂ္ဂရဲ့ တာဝန်ရှိသူတစ်ဦးက မြစ်ကြီးနားသတင်း ဂျာနယ်ကို ပြောပါတယ်။

“ကျွန်တော်တို့ အစီရင်ခံစာအပေါ် feedback စောင့်နေတုန်းရှိပါသေးတယ်။ နောက်လလောက်တော့ စနိုင်အောင် ကြိုးစားနေပါတယ်” လို့ဆိုပါတယ်။

အခု ပြန်လည်ဖွင့်လှစ်မည့် သင်ကြားရေးအစီစဉ်တွေမှာတော့ Zoom နဲ့ တခြားပလက်ဖောင်းတွေကနေ တိုက်ရိုက် သင်ကြားပေးတဲ့ (Live Course) အစီအစဉ်တွေ ၊ Seminar ၊ Webiner တွေအပြင် Record လုပ်ထားတဲ့ Video တွေစတဲ့ သင်ကြားမှုပုံစံတွေ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဖွင့်လှစ်မယ့် သင်တန်းအမျိုးအစား တွေကတော့ အထူးပြုဘာသာရပ်တွေကို အထောက်အကူဖြစ်စေမယ့် ပညာရပ်ဆိုင် ရာ သင်တန်းတွေ ၊ ဘာသာစကားဆိုင်ရာ သင်တန်းတွေ ၊ သက်မွေးပညာရပ်ဆိုင်ရာ သင်တန်းတွေနဲ့ လူမှုသိပ္ပံစတဲ့ သင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သင်တန်းတွေအားလုံးကို သင်တန်ပြီးဆုံးကြောင်းလက်မှတ် (Certificate) ထုတ်ပေးသွားမှာဖြစ်ပြီး ဘာသာရပ်ပေါ်မူတည်ပြီး သင်တန်းကြေး တွေလည်း ပေးသွင်းရမှာဖြစ်ပါတယ်။

အဲဒီသင်တန်းတွေကနေ ရရှိလာတဲ့ သင်တန်းကြေးတွေကို စစ်ဘေးရှောင်ပြည်သူတွေနဲ့ နွေဦးတော်လှန်ရေးကိုအထောက်ကူဖြစ်စေမယ့် နေရာတွေကို လှူဒါန်း သုံးစွဲသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ငွေကြေးအခက်ခဲရှိသူတွေ အနေနဲ့လည်း စကောလားရှစ် (Scholarship) လျှောက်ထား နိုင်မှာဖြစ်ပါတယ်။

မြစ်ကြီးနားတက္ကသိုလ် ကျောင်းသား သမဂ္ဂရဲ့ ကြားကာလ အွန်လိုင်းအခြေပြု သင်ကြားရေးအစီစဉ်က သင်တန်းအားလုံးကိုတော့ စစ်ကောင်စီပညာရေးကို သပိတ်မှောက်ထားတဲ့ ကျောင်းသူ/သားတွေနဲ့ ဝန်ထမ်းတွေသာ တက်ရောက်နိုင်မှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...