KNU ဖာပွန်ခရိုင်က နှစ်ပတ်အတွင်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာခဲ့

KNU ဖာပွန်ခရိုင်က နှစ်ပတ်အတွင်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာခဲ့

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့က ၁၅ ရက်နေ့ထိ နှစ်ပတ်တာကာလအတွင်း စစ်ကောင်စီတပ်နဲ့ ကော်သူးလေတပ်မတော် အမှတ် (၅) တပ်မဟာတို့အကြား ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု များပြားခဲ့တယ်လို့ KNU တပ်မဟာ (၅) က ထုတ်ပြန်ပါတယ်။

KNU ဖာပွန်ခရိုင်ထဲမှာ အဲဒီနှစ်ပတ်တာကာလအတွင်း စစ်ကောင်စီလက်အောက်ခံတပ်နဲ့ KNU တပ်မဟာ (၅) လက်အောက်ခံတပ်တို့အကြား တိုက်ပွဲပေါင်း (၆၈) ကြိမ်ဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲတွေအထဲမှာ စစ်ကောင်စီဘက်က (၅၁)ဦးသေဆုံးကာ (၃၁)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်ကောင်စီတပ်ဘက်က သေဆုံးသွားတဲ့အထဲမှာ တပ်ခွဲမှူး (၂) ဦးအပါအဝင် ဗိုလ်အဆင့်ရှိသူ (၁) ဦးနဲ့ ဒဏ်ရာရရှိခဲ့သူတွေထဲမှာ တပ်ရင်းမှူး (၁) ဦးနဲ့ ဒုတပ်ရင်းမှူး (၂) ဦး ပါဝင်တယ်လို့ တပ်မဟာ (၅) က ဆိုထားပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၅) ဘက်ကတော့ ရဲဘော် (၁) ဦး ကျဆုံးခဲ့ပြီး (၁၁)ဦး ဒဏ်ရာရရှိခဲ့တာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ (၇) ရက်နေ့ကလည်း ဖာပွန်ခရိုင် ဘူးသိုမြို့နယ် တလာအော့ခိုးကျေးရွာသားတစ်ဦးကို စစ်ကောင်စီလက်အောက်ခံ အမှတ် (၁၀၁၄) နယ်ခြားစောင့်တပ်က ပစ်သတ်ခဲ့တယ်လို့ KNU တပ်မဟာ (၅) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖာပွန်ခရိုင်ထဲမှာ အဲဒီနှစ်ပတ်တာကာလအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ၃၂ လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ တပ်မဟာ (၅) က ဆိုထားပါတယ်။

နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေတဲ့ ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်ထဲမှာတော့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ တစ်သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။

May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...