“အဆုံးအဖြတ်တိုက်ပွဲ” အချိန်ကျရောက်လာပြီဟု AA ဒု-စစ်ဦးစီးချုပ်ပြော

“အဆုံးအဖြတ်တိုက်ပွဲ” အချိန်ကျရောက်လာပြီဟု AA ဒု-စစ်ဦးစီးချုပ်ပြော

မြန်မာစစ်တပ်နှင့် AA တို့ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများမှာ ယခုအချိန်တွင် တိုက်ပွဲအရှုံးအနိုင်ကို ဆုံးဖြတ်တော့မည့် အဆုံးသတ်တိုက်ပွဲကာလ ကျရောက်လာပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က လူမှုကွန်ယက်ပေါ်တွင် ထုတ်ဖော်ပြောဆိုလာသည်။

စက်တင်ဘာလ ၁၆ ရက် နေ့ရက်စွဲဖြင့် AA ဒုတိယစစ်ဦးစီးချုပ်က ၎င်း၏ Facebook၊ Telegram လူမှုကွန်ယက်ပေါ်၌ “အဆင်သင့်ဖြစ်ပြီလား”ဟု ရခိုင်ပြည်သူများကို မေးခွန်းထုတ်ကာ တပ်လှန့်ရေးသားလာခြင်းဖြစ်သည်။

လက်ရှိတွင် ရခိုင်ပြည်အတွင်း စစ်ရေးတင်းမာနေပြီး မောင်တောမြို့နယ်တွင် မြန်မာစစ်တပ်၏ စခန်းများကို AA က တိုက်ခိုက်သိမ်းပိုက်နေကာ မြန်မာစစ်တပ်ကလည်း ၎င်းတို့တပ်စခန်းများကို ပြန်လည်ရယူရန်အတွက် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိနေသည်။

ယခုဖြစ်ပွားနေသည့်တိုက်ပွဲမှာ ရှုံးထွက်တိုက်ပွဲဖြစ်သည့်အတွက် ရခိုင်တမျိုးသားလုံး ပူးပေါင်းပါဝင်ရန် ဒုတိယစစ်ဦးစီးချုပ်က ရခိုင်ပြည်သူများအား လှုံ့ဆော်ခြင်းဟု ရခိုင့်နိုင်ငံရေးသမားများက ယူဆကြသည်။

ရခိုင့်ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက “အခုတိုက်ပွဲဟာ အဆုံးသတ်တိုက်ပွဲဖြစ်တဲ့အတွက် အရမ်းအရေးကြီးတဲ့ သေရေးရှင်ရေးတိုက်ပွဲဖြစ်သလို သမိုင်းပေးတာဝန်လည်းဖြစ်တာကြောင့် ရခိုင်တမျိုးသားလုံး အရင်က ဖက်ဆစ်ဂျပန်တွေကို တော်လှန်ခဲ့ သလိုမျိုး အကုန်လုံးပူးပေါင်းပြီး ရတဲ့လက်နက်နဲ့ တိုက်ခိုက်ရမယ်ဆိုပြီး တိုက်တွန်းလာတဲ့သဘောလို့ ကျနော်ကတော့ယူဆတယ်”ဟု ဆိုသည်။

ရက္ခိုင့်တပ်တော် (AA) ၏ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်နှင့် "ဝ"ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA) တို့ ပြီးခဲ့သည့်ရက်ပိုင်းက မိုင်းလားမြို့တွင် တွေ့ဆုံခဲ့ပြီးနောက်တွင် ယခုကဲ့သို့ပြောဆိုလာခြင်းဖြစ်သည်။

ယင်းသို့ ဒေါက်တာ ညိုထွန်းအောင်၏ ထုတ်ဖော်ပြောဆိုလာမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်အတွင်း စစ်ရေးပြင်းထန်လာနိုင်၍ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားရန်လိုအပ်လာကြောင်း တင်းမကျေးရွာသား ဦးစောသိန်းကပြောသည်။

“ကိုယ့်ရပ်ရွာမှာနေတဲ့သူတွေကတော့ ကိုယ့်အိမ်မှာကိုယ် ဗုံးခိုကျင်းတွေတူးပြီး စားနပ်ရိက္ခာတွေကို ကြိုတင်ပြင်ဆင်ထားသင့်တာပေါ့။ ကျနော်တို့ကတော့ စစ်ဘေးရှောင်စခန်းမှာဆိုတော့ ပြင်ဆင်မှုမျိုးကိုတော့ ပြင်ဆင်ထားလို့မရဘူး။ ဒါပေမယ့် ကျနော်တို့ အမြဲ သတိဝိရိယနဲ့နေတယ်။ စစ်ဘေးရှောင်စခန်းထဲမှာ ဘယ်လိုအကာကွယ်တွေလုပ်ပြီး နေရမလဲဆိုတာလည်း စဉ်းစားထားတယ်။ အသွားအလာတွေလည်း ဆင်ခြင်တယ်။ တခြားသူတွေလည်း အခုလိုကာလမျိုးမှာ အသွားအလာတွေကို ဆင်ခြင်ပြီးနေသင့်တယ်”ဟု ၎င်းကပြောသည်။

လက်ရှိ မောင်တောနှင့် ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ဘေးရှောင်ဦးရေမှာလည်း တစ်သောင်းနီးပါးအထိတိုးလာနေကာ ကုန်းလမ်း၊ ရေလမ်းတွင် နှစ်ဘက်တပ်များက စစ်ဆေးမှုများရှိနေသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...