စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ကျေးရွာကိုစွန့်ခွာခဲ့ရသည့် တမာခေါကျေးရွာသားများ အကူအညီလိုအပ်နေ

စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ကျေးရွာကိုစွန့်ခွာခဲ့ရသည့် တမာခေါကျေးရွာသားများ အကူအညီလိုအပ်နေ
မုန်းမြို့နယ်တမာခေါ ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်နေရစဉ်။ (ဓာတ်ပုံ - KNU)
မုန်းမြို့နယ်တမာခေါ ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်နေရစဉ်။ (ဓာတ်ပုံ - KNU)

စစ်ကောင်စီကဖိအားပေး၍ ကျေးရွာမှပြောင်းရွှေ့ထွက်ပြေးခဲ့ရသည့် ပဲခူးတိုင်း၊ မုန်းမြို့နယ် တမာခေါကျေးရွာမှ ဒေသခံ (၃၀၀) ကျော်မှာ လက်ရှိတွင် စားနပ်ရိက္ခာ၊ နေထိုင်စရာနှင့် အဝတ်အထည်များ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံအရပ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။

စက်တင်ဘာလ ၁၂ ရက်နေ့က တမာခေါကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့်ဝင်ရောက်လာပြီး ကျေးရွာသားများကို နေရာရွှေ့ပြောင်းခိုင်းသဖြင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု မုန်းဒေသ ကရင်လူငယ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ရွာထဲကို စစ်တပ်ကအင်အား အလုံးအရင်းနဲ့ဝင်လာပြီးတော့ ရွာထဲကလူတွေ အကုန်နေရာရွှေ့ပေးရမယ်လို့ပြောတယ်။ အနီးအနားမှာ တိုက်ပွဲဖြစ်ပွားနေတာလည်း မရှိဘူး။ အုပ်ချုပ်ရေးအဖွဲ့တွေကိုပါ အသိမပေးပဲ အတင်းရွှေ့ခိုင်းတာ။ ရွာထဲက ဒေသခံအကုန်လုံးနီးပါး ထွက်ပြေးခဲ့ရတယ်”ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်က ဖိအားပေးရွှေ့ပြောင်းခိုင်းမှုကြောင့် တမာခေါကျေးရွာမှ လူဦးရေ (၃၃၄) ဦးမှာ တောင်စုကျေးရွာနှင့် စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ နိုဘိုးခီးကျေးရွာများသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

ကရင်အရပ်ဖက်အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးက “အခုတစ်ရွာလုံးနီးပါး အကုန်ကြောက်ပြီးပြေးရတာ။ သူတို့အတွက် စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေ နေထိုင်စရာတွေအတွက် အရေးပေါ်လိုအပ်နေပါတယ်။ နေဖို့အတွက်တော့ ကေအန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ တောင်စုနဲ နိုဘိုခီးမှာ နေရာချပေးထားတယ်”ဟု ပြောသည်။

ကေအန်ယူ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်သည့် ရွှေကျင်၊ ကျောက်ကြီးနှင့် မုန်းဒေသအတွင်းရှိကျေးရွာများသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်ကင်းထောက်ခြင်းအပါအဝင် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးဝင်ရောက်မှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကေအဲန်ယူ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်သည့် မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဒေသခံစုစုပေါင်း (၆၂၁၆) ဦးအထိ စစ်ဘေးရှောင်တိမ်းနေရကြောင်း ကေအန်ယူ-ဗဟိုမှ သတင်းထုတ်ပြန်ထားသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...