လုံရှာယန်ကျေးရွာတွင် အသက် (၁၀) နှစ်ခန့် အရွယ် ကလေးငယ် ရာဂဏန်းဝန်းကျင် ရာသီပေါ်တုပ်ကွေး ဖြစ်ပွားနေပြီး ကုသပေးမည့်သူ မရှိ

လုံရှာယန်ကျေးရွာတွင် အသက် (၁၀) နှစ်ခန့် အရွယ် ကလေးငယ် ရာဂဏန်းဝန်းကျင် ရာသီပေါ်တုပ်ကွေး ဖြစ်ပွားနေပြီး ကုသပေးမည့်သူ မရှိ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာမှာရှိတဲ့   (၁၀) နှစ် ဝန်းကျင်ရှိကလေးသူငယ် ရာဂဏာန်းလောက် ရာသီပေါ်တုပ်ကွေးဖြစ်ပွားနေပြီး ကုသပေးမယ့်သူတွေ မရှိကြဘူးလို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

လုံရှာယန်ကျေးရွာ ဒေသခံတွေအနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ကျေးရွာတွင်း ကျေးလက်ကျန်းမာရေး ဌာနမရှိတော့ပဲ ကျန်းမာရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆေးကောင်စီ (MMA) ဘက်ကနေ ပုံမှန်လုပ်နေကြ ငှက်ဖျားပိုး၊ တီဘီပိုး စစ်တာမျိုးတွေရှိပေမယ့် ရာသီအလိုက် ဖျားနာမှုမျိုးတွေကိုတော့ စစ်ဆေးပေးတာမျိုးတွေမရှိဘဲ မိမိသိတတ်ကျွမ်းကျင်သလို ကုသနေကြရတာကြောင့် အနာတစ်ခြား ဆေးတစ်ခြား ဖြစ်နေတာမျိုးတွေလည်း ရှိတယ်လို့ လုံရှာယန် ကျေးရွာဒေသခံ အမျိုးသားတစ်ဦးဆီကနေ သိရပါတယ်။

“အများပိုင်းက တိုင်းရင်းဆေးသုံးတာပေါ့။ ကျန်းမာရေးဌာနမရှိတော့ ရမ်းကုတွေဆီမှာ ကုတယ်” လို့ ဒေသခံက ဆိုပါတယ်။

လုံရှာယန်ကျေးရွာမှာတင် မဟုတ်ပဲ အနီးအနားက ဖတ်မာ နဲ့ တန်ဂျာကျေးရွာတို့မှာလည်း ဖြစ်ပွားနေပြီးတော့ လက်ရှိတန်ဂျာကျေးရွာက ကလေး၊ လူကြီး အယောက် (၄၀) လောက်ဟာ ကိုယ်လက် ကိုက်ခဲတာ၊ ကိုယ်ပူဖျားတာ၊ ချမ်းတုန်တာတွေ စတဲ့ တုပ်ကွေးလက္ခဏာ ပြနေပြီး ဆေးဝါးတွေကို မိမိဘာသာ ဖြေရှင်းနေကြရတယ်လို့လည်း တန်ဂျာကျေးရွာ ဒေသခံတစ်ဦးကလည်း မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ ဖြစ်နိုင်ရင် အဖွဲ့အစည်းတွေကနေ ဆေးတွေ ပေးတာတွေ၊ ခဏခဏ လာရောက်ကြည့်ရှုပေးတာတွေရှိရင် အရမ်းကောင်းမှာပဲ” လို့ ဒေသခံက ဆိုပါတယ်။

ရာသီပေါ်တုပ်ကွေးဟာ လုံရှာယန်ကျေးရွာမှာ ဇူလိုင်လ၊ တန်ဂျာကျေးရွာမှာ  ဩဂုတ်လက တစ်ကြိမ်စီ ဖြစ်ပွားခဲ့ပြီးတော့ ဒေသခံပြည်သူတွေဟာ ဖျားနာပြီး ဆေးရုံတက်ရမယ်ဆိုရင် ပူတာအိုမြို့အထိ သွားရောက် ကုသရတဲ့အတွက် အခက်အခဲဖြစ်နေကြတာပါ။

လုံရှာယန်ကျေးရွာဟာ လူဦးရေ (၄၀၀၀) ကျော်ရှိတဲ့ ကျေးရွာဖြစ်ပြီး လက်ရှိ တန်ဂျာကျေးရွာမှာတော့ လူဦးရေ (၅၀၀) ကျော်ရှိတယ်လို့လည်း သိရပါတယ်။

အထက်ပါ ကျေးရွာတွေဟာ မြစ်ကြီးနား - ပူတာအို သွားလမ်းပေါ်ရှိ ကျေးရွာတွေဖြစ်တဲ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကစပြီး စစ်ကောင်စီနဲ့ KIA တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် တိမ်းရှောင်ခဲ့ရတဲ့ ကျေးရွာတွေဖြစ်ပြီးတော့ ပူတာအိုမြို့နဲ့ မိုင် (၄၀) လောက်ဝေးတဲ့ ကျေးရွာတွေပဲ ဖြစ်ပါတယ်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...