(၃၉) ကြိမ်မြောက် အာလမ် လက်ဝါးကားတိုင်တောင်တက် ဆုတောင်းပွဲ ဆုတောင်းကျေးဇူးတော်ခံယူနိုင်ရန် ကျင်းပ သွားမည်

(၃၉) ကြိမ်မြောက် အာလမ် လက်ဝါးကားတိုင်တောင်တက် ဆုတောင်းပွဲ ဆုတောင်းကျေးဇူးတော်ခံယူနိုင်ရန် ကျင်းပ သွားမည်

ကိုဗစ်ကပ်ရောဂါကြောင့် ဆုတောင်းပွဲကျင်းပတာရပ်နားခဲ့တဲ့ ကက်သလစ်ဘာသာဝင်တွေရဲ့ အာလမ်လက်ဝါးကားတိုင်တောင် ဆုတောင်းပွဲကို ဆုတောင်းကျေးဇူးတော်ခံယူဖို့ ကျင်းပသွားမှာဖြစ်တယ်လို့ အသင်းတော် တာဝန်ရှိသူဆီက သိရပါတယ်။

စက်တင်ဘာလ (၁၄) ရက် နေ့မှာ  (၃၉ ) ကြိမ်မြောက် အာလမ်ဆုတောင်းတောင် ၊ တောင်တက်ဆုတောင်းပွဲကို အရင်နှစ်တွေကလို စည်စည်ကားကား ကျင်းပသွားမှာမဟုတ်ဘဲ  ဆုတောင်းပြီး ကျေးဇူးတော်ခံယူဖို့သာ စီစဉ်ထားတာဖြစ်ပြီး မြစ်ကြီးနားကက်သလစ်သာသနာ၊ ဗဟိုရုံးက ဆရာတော်နဲ့ ဘုန်းတော်ကြီးတွေကနေတစ်ကမ္ဘာလုံးငြိမ်းချမ်းဖို့၊ အနာကပ်ရောဂါတွေပျောက်ကွယ်သွားဖို့နဲ့ မြန်မာနိုင်ငံမှာ အမြန်ဆုံးငြိမ်းချမ်းဖို့ စတာတွေကို ရည်ရွယ်ပြီး ကျင်းပသွားမှာဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေး ကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

" ဒီနှစ်က ဘာပဲဖြစ်ဖြစ် တစ်ကမ္ဘာလုံးကလည်း မငြိမ်းမချမ်းနဲ့ ဖျားနာတာတွေလည်း များဆိုတော့ ဆုတောင်းခြင်းက အဓိကပဲဆိုပြီးတော့ ပွဲကို စည်စည်ကားကားမဟုတ်ဘဲ ဆုတောင်းတာကို အဓိကထားပြီး ကျင်းပရအောင်ဆိုပြီးလွန်ခဲ့တဲ့ ၇ လပိုင်းကနေ အစည်းအဝေး ကျင်းပပြီး စီစဥ်တာ။ တောင်ကလည်း ခြုံတွေထူထပ်လာတယ်။ဆုတောင်းတဲ့နေရာကို ပစ်ထားသလိုဖြစ်လာတာကြောင့် ကျေးဇူးတော်ခံယူရင်း မြန်မာနိုင်ငံလည်း အမြန်ဆုံး ငြိမ်းခြမ်းပါစေဆိုပြီး ပွဲကိုကျင်းပလာတာပေါ့။" လို့ ဆိုပါတယ်။

အဲဒီ လက်ဝါးကားတိုင်တောင် ဆုတောင်းပွဲမှာ အရင်နှစ်တွေကလို ညအိပ်ပြီးတက်တာတွေ၊ တောင်ခြေကို ဝင်လာတဲ့လမ်းတစ်လျှောက် စျေးဆိုင်ခန်းတွေ ဖွင့်လှစ်တာမျိုးတွေကို နိုင်ငံရေးနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ပင်ထားပြီး ဆုတောင်းပွဲကိုလည်း တစ်ရက်ပဲ ကျင်းပသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

အာလမ် လက်ဝါးကားတိုင်တောင် ဆုတောင်းပွဲကို လွန်ခဲ့တဲ့ ၁၉၈၃ ခုနှစ်ကနေ  နှစ်စဉ်ကျင်းပခဲ့ကြတာ ဖြစ် ပြီး၂၀၂၀ ၊ ၂၀၂၁ ခုနှစ်တွေမှာတော့ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် ပိတ်ပင်ခဲ့ရပြီး အခုနှစ်မှာပြန်လည်ကျင်းပတာဖြစ်ပါတယ်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...