ကျေးရွာအတွင်းမှ မထွက်ခွာပါက ရွာကိုမီးရှို့မည်ဟု ဒေသခံများကို စစ်ကောင်စီတပ်ခြိမ်းခြောက်

ကျေးရွာအတွင်းမှ မထွက်ခွာပါက ရွာကိုမီးရှို့မည်ဟု ဒေသခံများကို စစ်ကောင်စီတပ်ခြိမ်းခြောက်

ကေအဲန်ယူ-မုန်းမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိ ရွာနှစ်ရွာမှဒေသခံများကို ရွာအတွင်းမှထွက်ခွာရန်နှင့် မထွက်ခွာပါက ရွာကိုမီးရှို့မည်ဟု စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူက ခြိမ်းခြောက်ခဲ့‌ကြောင်း KNU က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၁ ရက်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီးဇေယျာလင်းဆိုသူက တမာခေါနှင့် တောင်စုကျေးရွာရှိ ရပ်မိရပ်ဖများအား ခေါ်ယူတွေ့ဆုံကာ ခြိမ်း‌ခြောက်ခဲ့ခြင်းဖြစ်သည်။

ဒေသခံများအား ကျေးရွာအတွင်းမှ မထွက်ခွာလျှင် နေအိမ်များကို မီးရှို့ဖျက်ဆီးမည်ဟုခြိမ်းခြောက် ပြောဆိုခဲ့သဖြင့် စက်တင်ဘာ ၁၂ ရက်တွင် တမာခေါကျေးရွာမှ ဒေသခံများထိတ်လန့်ကာ ရွာလုံးကျွတ်ထွက်ခွာခဲ့ရသည်ဟု KNU ကဆိုသည်။

အိမ်ခြေ ၆၁ လုံးနှင့် လူဦးရေ ၃၃၄ ဦးနေထိုင်ခဲ့သည့်တမာခေါကျေးရွာမှ ဒေသခံများအနေဖြင့် စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ နိုဘိုးခီးကျေးရွာနှင့် အနီးအနားကျေးရွာများသို့ ရွှေ့ပြောင်း နေထိုင်ရကြောင်း KNU သတင်းရင်းမြစ်များထံမှ သိရသည်။

အခြားတစ်ရွာဖြစ်သည့် တောင်စုကျေးရွာမှာမူ မုန်းမြို့နယ်ရှိတာဝန်ရှိခေါင်းဆောင်မှ စီမံထိန်းသိမ်းပြီး မိမိတို့၏ ကျေးရွာတွင်သာ နေထိုင်စေ‌ကြောင်းလည်း ဆိုသည်။

‌ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ စစ်ဘေးရှောင်ရသည့် ကျေးရွာအုပ်စု ၁၇ အုပ်စုမှ ကျေးရွာပေါင်း ၄၆ ရွာ၊ အိမ်ခြေပေါင်း ၂၁၁၆ လုံးနှင့် လူဦးရေ စုစုပေါင်း ၁၂,၄၅၃ ဦး အထိရှိခဲ့သည်။

၂၀၂၂ ခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလ ၁၃ ရက်အတွင်းမှာပင် စစ်ဘေးရှောင်ရသည့် ကျေးရွာပေါင်း ၁၅ ရွာ၊ အိမ်ခြေစုစုပေါင်း ၁၁၂၀ လုံးနှင့် လူဦးရေစုစုပေါင်း ၆၂၁၆ ဦး အထိအများအပြားရှိလာခဲ့သည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

July 14, 2026
အိန္ဒိယနိုင်ငံ၊ အရူနာချာပရာဒေ့ရှ်ပြည်နယ် နန်ပေါင်မြို့နှင့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း...
July 14, 2026
မကွေးတိုင်း၊ မင်းဘူး (စကု) မြို့နယ်တွင် စစ်တပ်က စစ်ကြောင်း သုံးကြောင်းဖြင့် စစ်ကြောင်းထိုးလျက်...
July 13, 2026
စစ်ကိုင်းတိုင်း၊ မုံရွာ-ယာကြီး-ကလေး လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် ကနီမြို့နယ်အတွင်းသို့...
July 13, 2026
မြန်မာ့ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက် ငါးရပ် (Five-Point Consensus) ကို ဆက်လက် အကောင်...