ပဥ္စမအကြိမ်မြောက် ULA/AA သတင်းစာရှင်းလင်းပွဲ စက်တင်ဘာ ၁၉ ရက်တွင် ပြုလုပ်မည်

ပဥ္စမအကြိမ်မြောက် ULA/AA သတင်းစာရှင်းလင်းပွဲ စက်တင်ဘာ ၁၉ ရက်တွင် ပြုလုပ်မည်
ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခကို သြဂုတ်လ ၁၁ ရက်ကပြုလုပ်ခဲ့သော စတုတ္ထအကြိမ်မြောက်သတင်းစာ ရှင်းလင်းပွဲတွင်တွေ့ရစဉ်။
ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခကို သြဂုတ်လ ၁၁ ရက်ကပြုလုပ်ခဲ့သော စတုတ္ထအကြိမ်မြောက်သတင်းစာ ရှင်းလင်းပွဲတွင်တွေ့ရစဉ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ၏ ပဥ္စမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၁၉ ရက်တွင် ပြုလုပ်သွားမည်ဟု သိရသည်။

ယင်းနေ့နံနက် ၁၀ နာရီအချိန်တွင် အွန်လိုင်းမှပြုလုပ်သွားမည်ဟု ULA/AA က ယမန်နေ့ စက်တင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

ယခုသတင်းစာ ရှင်းလင်းပွဲကိုလည်း ယခင်အကြိမ်များကဲသို့ပင် ရက္ခိုင်ဘာသာစကားဖြင့်သာ ပြုလုပ်သွားမည်ဖြစ်ပြီး သတင်းရယူလိုသော သတင်းထောက်များအနေဖြင့် ယခုဖော်ပြပါလင့်ဒ် (https://forms.gle/9FkNHENUvZ9R1sMp9 ) မှတစ်ဆင့် တက်ရောက်နိုင်ရန်အတွက် ယခင်အကြိမ်များကဲ့သို့ စာရင်းသွင်းရန် လိုအပ်သည်ဟု ဆိုထားသည်။

သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းလိုသောမေးခွန်းများကို စက်တင်ဘာ (၁၅) ရက် နောက်ဆုံးထားပြီး ယခုအီးမေးလ် လိပ်စာ [email protected] မှတစ်ဆင့် မေးမြန်းထားနိုင်သည်ဟုလည်း ဆိုသည်။

အချိန်ကျော်လွန်ပြီးမှ ရောက်ရှိလာ သော မေးခွန်းများကို ယခုသတင်းစာရှင်းလင်းပွဲတွင် ဖြေဆိုနိုင်မည်မဟုတ်သည့်အတွက် မေးခွန်းများကို ကြိုတင်ပေးပို့ရန်လိုအပ်ပြီး မေးခွန်းမေးသည့်အခါတွင်လည်း သတင်းထောက်တစ်ဦးကို မေးခွန်း (၂) ခုခန့်သာ လက်ခံသွားမည်ဟု သိရသည်။

ULA/AA ၏ အွန်လိုင်းသတင်းစာရှင်းလင်းပွဲကို ပြီးခဲ့သည့် မတ်လ ၅ ရက်မှစတင်ကာ ပထမအကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်သည် ပဥ္စမအကြိမ်ဖြစ်သည်။

ပြုလုပ်ခဲ့ပြီးသည့် သတင်းစာရှင်းလင်းပွဲများတွင် ULA/AA ကိုင်တွယ် ဖြေရှင်းနေရသည့် စစ်ရေး၊ နိုင်ငံရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးစသည့် ကဏ္ဍများနှင့်ပတ်သက်ပြီး သတင်းထောက်များ မေးမြန်းချက်များကို ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက တာဝန်ယူဖြေကြားပေးခဲ့သည်။

Most read this week

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...