ပဥ္စမအကြိမ်မြောက် ULA/AA သတင်းစာရှင်းလင်းပွဲ စက်တင်ဘာ ၁၉ ရက်တွင် ပြုလုပ်မည်

ပဥ္စမအကြိမ်မြောက် ULA/AA သတင်းစာရှင်းလင်းပွဲ စက်တင်ဘာ ၁၉ ရက်တွင် ပြုလုပ်မည်
ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခကို သြဂုတ်လ ၁၁ ရက်ကပြုလုပ်ခဲ့သော စတုတ္ထအကြိမ်မြောက်သတင်းစာ ရှင်းလင်းပွဲတွင်တွေ့ရစဉ်။
ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခကို သြဂုတ်လ ၁၁ ရက်ကပြုလုပ်ခဲ့သော စတုတ္ထအကြိမ်မြောက်သတင်းစာ ရှင်းလင်းပွဲတွင်တွေ့ရစဉ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ၏ ပဥ္စမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၁၉ ရက်တွင် ပြုလုပ်သွားမည်ဟု သိရသည်။

ယင်းနေ့နံနက် ၁၀ နာရီအချိန်တွင် အွန်လိုင်းမှပြုလုပ်သွားမည်ဟု ULA/AA က ယမန်နေ့ စက်တင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

ယခုသတင်းစာ ရှင်းလင်းပွဲကိုလည်း ယခင်အကြိမ်များကဲသို့ပင် ရက္ခိုင်ဘာသာစကားဖြင့်သာ ပြုလုပ်သွားမည်ဖြစ်ပြီး သတင်းရယူလိုသော သတင်းထောက်များအနေဖြင့် ယခုဖော်ပြပါလင့်ဒ် (https://forms.gle/9FkNHENUvZ9R1sMp9 ) မှတစ်ဆင့် တက်ရောက်နိုင်ရန်အတွက် ယခင်အကြိမ်များကဲ့သို့ စာရင်းသွင်းရန် လိုအပ်သည်ဟု ဆိုထားသည်။

သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းလိုသောမေးခွန်းများကို စက်တင်ဘာ (၁၅) ရက် နောက်ဆုံးထားပြီး ယခုအီးမေးလ် လိပ်စာ [email protected] မှတစ်ဆင့် မေးမြန်းထားနိုင်သည်ဟုလည်း ဆိုသည်။

အချိန်ကျော်လွန်ပြီးမှ ရောက်ရှိလာ သော မေးခွန်းများကို ယခုသတင်းစာရှင်းလင်းပွဲတွင် ဖြေဆိုနိုင်မည်မဟုတ်သည့်အတွက် မေးခွန်းများကို ကြိုတင်ပေးပို့ရန်လိုအပ်ပြီး မေးခွန်းမေးသည့်အခါတွင်လည်း သတင်းထောက်တစ်ဦးကို မေးခွန်း (၂) ခုခန့်သာ လက်ခံသွားမည်ဟု သိရသည်။

ULA/AA ၏ အွန်လိုင်းသတင်းစာရှင်းလင်းပွဲကို ပြီးခဲ့သည့် မတ်လ ၅ ရက်မှစတင်ကာ ပထမအကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်သည် ပဥ္စမအကြိမ်ဖြစ်သည်။

ပြုလုပ်ခဲ့ပြီးသည့် သတင်းစာရှင်းလင်းပွဲများတွင် ULA/AA ကိုင်တွယ် ဖြေရှင်းနေရသည့် စစ်ရေး၊ နိုင်ငံရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးစသည့် ကဏ္ဍများနှင့်ပတ်သက်ပြီး သတင်းထောက်များ မေးမြန်းချက်များကို ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက တာဝန်ယူဖြေကြားပေးခဲ့သည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...